Home
မြန်မာသတင်း
အင်တာနက်နှင့် ဖုန်းလိုင်းများ ပြန်မဖွင့်ပေးလျှင် တာဝါတိုင်အားလုံး ဖြိုချမည်ဟု YDF ထီးလင်း သတိပေး
DVB
·
May 12, 2022

ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ ထမင်းရှင် ပြည်သူတွေရဲ့ မျက်နှာကို မကြည့်ဘဲ စစ်ကောင်စီအလိုကျ အင်တာနက်ဖြတ်တောက်တာ၊ ဖုန်းလိုင်းဖြတ်တောက်တာ စတဲ့ Customer Rights ချိုးဖောက်နေတာတွေေ ချက်ချင်းရပ်တန့်ပြီး ထီးလင်းတမြို့နယ်လုံးကို အင်တာနက်ပြန်ဖွင့်ပေးဖို့ YDF ထီးလင်းက မေ ၁၂ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးကာ မတရား အာဏာသိမ်းခဲ့ချိန်ကစပြီး ထီးလင်းမြို့နယ်မှာ အချိန်အကန့်အသတ်နဲ့ပဲ အင်တာနက် ရရှိခဲ့ကာ စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး အင်တာနက် လုံးဝဖြတ်တောက်ခံခဲ့ရလို့ အခုအချိန်မှာ အင်တာနက် လုံးဝမရရှိတာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ထီးလင်းမြို့နယ် ဧရိယာ ၅၀ ရာခိုင်နှုန်းခန့်သာ ပုံမှန်ဖုန်းလိုင်းရရှိပြီး စစ်ကြောင်းတွေ ထိုးတဲ့အချိန်တိုင်း ဖုန်းလိုင်းတွေကို ဖြတ်တောက်ပစ်တာကြောင့် ပြည်သူတွေ သတင်းမရရှိဘဲ အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။

“ကျနော်တို့ ထီးလင်းနယ်မှာ အင်တာနက်လိုင်း ဖြတ်ခံရတာ ၈ လကျော်ပြီ။ ဒေသခံတွေ အခက်အခဲတွေ ဖြစ်ကြတယ်။ ငွေလွှဲဝင်ဆောင်မှုတွေရော သတင်းအချက်အလက်တွေ မသိကြရတာရော။ ဒါကြောင့်မို့ ဆက်သွယ်ရေးကုမ္ပဏီတွေ အနေနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးစေလိုတယ်။ စစ်ကောင်စီ‌တပ်တွေ စစ်ကြောင်းရှိတဲ့အခါဆိုရင် ဖုန်းလိုင်းတွေဖြတ်တယ်” လို့ YDF ထီးလင်းရဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတောင်းဆိုချက်ကို ဒီကနေ့‌‌ မေ ၁၂ ရက်ကနေ နောက်တလအတွင်း အကောင်အထည်ဖော်ဖို့နဲ့ တလပြည့်ချိန်ထိ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေ ပြန်လည်မရရှိပါက ထီးလင်းမြို့နယ်တွင်းက ဆက်သွယ်ရေး တာဝါတိုင်တွေ အားလုံးကို တစစီဖြိုချကာ တော်လှန်ရေးအတွက် အသုံးချသွားမယ်လို့ YDF ထီးလင်းက သတိပေး တောင်းဆိုလိုက်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024