Home
မြန်မာသတင်း
ရေကြည်မြို့နယ်တွင် အင်အားနည်းသည့် ရဲကင်းစခန်းများ မြို့ပေါ်ရဲစခန်းသို့ ပြောင်းရွှေ့
DVB
·
May 12, 2022

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာရှိတဲ့ ရဲကင်းစခန်းတွေဟာ မြို့နဲ့အလှမ်းဝေးပြီး အင်အားနည်းတာကြောင့် မြို့ပေါ်ရဲစခန်းကို ရွှေ့ပြောင်းတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ်းနီရဲကင်းစခန်းနဲ့ ကုန်းပြင်ရဲကင်းစခန်းမှာရှိတဲ့ စစ်ကောင်စီဩဇာခံ ရဲတပ်ဖွဲ့ဝင်တွေ မေလပိုင်းက စတင်ပြီး ရေကြည်မြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းကို ရွှေ့ပြောင်းလာကြတာလို့ ဆိုပါတယ်။

“ရဲတွေ မြို့ပေါ်ပြောင်းလာတာတော့ ဟုတ်တယ်၊ ဘာလို့ပြောင်းလာတယ် ဆိုတာ‌တော့ မသိဘူး၊ အားလုံး ပြန်ပေါင်းတဲ့သဘောလို့ ထင်တယ်၊ သူတို့ သတင်းတခုခု ကြားထားပုံရတယ်” လို့ ရဲစခန်းနားနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့ပြင် ရေကြည်မြို့နယ်ထဲက အသုတ်နယ်မြေရဲစခန်းမှာလည်း ဗုံးကျင်းတွေ တူးနေသလို သဲအိတ်တွေနဲ့လည်း ဘန်ကာပုံစံမျိုးတွေ ပြုလုပ်နေတာရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာရှိတဲ့ မြို့နယ်တွေက အင်အားနည်းတဲ့ ရဲကင်းစခန်းတွေကို မြို့မရဲစခန်းတွေမှာ လာရောက်ပူးပေါင်းဖို့အတွက် ဧပြီလကုန်ပိုင်းက ညွှန်ကြားစာ ထုတ်ပြီးနောက်ပိုင်း ခုလိုမျိုး ပြင်ဆင်လာကြတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024