စီးပွားရေးလုံခြုံရေးဥပဒေကြမ်းကို ဂျပန်လွှတ်တော် အတည်ပြုပြဋ္ဌာန်း

နည်းပညာတွေကို ကာကွယ်ဖို့၊ အရေးကြီးတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေကို အားဖြည့်ပေးဖို့နဲ့ ထိလွယ်ရှလွယ် ကဏ္ဍတွေ ဒါမှမဟုတ် အရေးပါတဲ့ အခြေခံအဆောက်အဦတွေမှာ လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီတွေကို ပိုမိုတင်းကျပ်ဖို့ ရည်မှန်းထားတဲ့ စီးပွားရေးလုံခြုံရေးဥပဒေကြမ်းကို ဂျပန်လွှတ်တော်က မေ ၁၁ ရက်မှာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။

တရုတ်နိုင်ငံအတွက် အဓိကရည်ရွယ်တဲ့ ဥပဒေပါ အစီအမံတွေကို အတည်ပြု ပြဋ္ဌာန်းပြီးပါက အချိန် ၂ နှစ်ကျော်အတွင်း အကောင်အထည် ဖော်သွားမယ်လို့ ဥပဒေမူကြမ်းက ဆိုပါတယ်။

တရုတ်နဲ့ ဆက်ဆံရေး ပိုတင်းမာနေချိန်မှာ အမေရိကန်က ဆီမီးကွန်ဒတ်တာလို နည်းပညာ တင်ပို့မှုကို ကန့်သတ်အပြီးမှာ ဂျပန်ကလည်း ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်နေတာကြောင့် နိုင်ငံလုံခြုံရေးအတွက် မရှိမဖြစ်လိုတဲ့ နည်းပညာတွေ အခိုးမခံရဖို့၊ ထောက်ပံ့ရေးကွင်းဆက်နဲ့ အခြေခံ အဆောက်အဦတွေကို ဟက်ကာတွေ ဆိုင်ဘာတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ဂျပန်အပေါ် ဖိအားတွေ ပိုတိုးလာခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းကြောင့် စွမ်းအင်၊ ရေဖြန့်ဖြူးရေး၊ သတင်းအချက်အလက် နည်းပညာ၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေးတို့ အပါအဝင် လုပ်ငန်း ၁၄ မျိုးမှာ လိုအပ်ချက်တွေနဲ့ ဆော့ဖ်ဝဲလ်အပ်ဒိတ်တွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေက အသိပေးဖို့ ဂျပန်အစိုးရက အမိန့်ပေးနိုင်ပါတယ်။

//
More News
Up