Home
မြန်မာသတင်း
မတ် ၁၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
March 14, 2014
မတ် ၁၄ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။ ကပ္ပလီ ပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။ မြန်မာနိုင်ငံပေါ်မှာ မြောက်ပိုင်းနဲ့အနောက်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ တယ်။ ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။ weather14032014မတ် ၁၅ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက် အနေနဲ့ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မတ် ၁၅ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာတနိုင်ငံလုံးမှာ ပုံမှန် အပူရှိန်ထက် သိသိသာသာမြင့်တက်နိုင်ပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၉ လောက် ရှိနိုင်ပါတယ်။ ကျန်တနိုင်ငံလုံးလိုလိုမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ ကနေ ၁၂ လောက်ထိ မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်(UV Index)တန်ဖိုးတွေ မြင့်တက်နိုင်တဲ့အတွက် နေပူထဲမှာ အကာအကွယ်မဲ့ သွားလာခြင်းကို တတ်နိုင်သလောက် မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ မတ် ၁၅ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒေသတွေမှာ နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၃၈ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ မတ် ၁၅ ရက်နေ့အတွက် မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်စွန်းနဲ့ တနင်္လာရီတိုင်းတွေမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်းအောက် လျော့နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မတ် ၁၅ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ မြန်မာတနိုင်ငံလုံးမှာ မိုးရွာဖို့ အလားအလာမရှိနိုင်ဘဲ အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၁၅ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ တနင်္လာရီတိုင်းတောင်ပိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁ မီလီမီတာမှ ၅ မီလီမီတာခန့် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၁၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် နေပြည်တော်ရဲ့ အနောက်မြောက်ဘက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ မတ် ၁၅ ရက်နေ့အတွက် နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။ မတ် ၁၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရှိရပါတယ်။ မတ် ၁၅ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၁၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် မန္တလေးမြို့ရဲ့အထက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ မတ် ၁၅ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024