ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ အရိုးပြာအိုး ဂူဗိမာန်တော်သွင်းဈာပနပွဲ သီပေါမြို့ တော်ဝင်သင်္ချိုင်းတွင် ကျင်းပ (ဓာတ်ပုံ)

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့  ကြွင်းကျန်ရစ်တဲ့ အရိုးပြာအိုး ဂူဗိမာန်တော်သွင်း ဈာပန အခမ်းအနားကို ရှမ်းပြည်နယ် သီပေါမြို့၊ လွယ်မုပ်တောင်ပေါ်ရှိ သီပေါတော်ဝင်မိသားစုရဲ့ သင်္ချိုင်းမှာ  မေလ ၇ ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဈာပနကို မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဦးခွန်ထွန်းဦးကို ချစ်ခင်လေးစားတဲ့ တိုင်းရင်းသားတွေတက်ရောက်ခဲ့ကြပြီး လွမ်းသူ့ပန်းခွေတွေ၊ ပန်းခြင်းတွေ ပေးပို့ ဂုဏ်ပြုခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့သူလည်းဖြစ်တဲ့ ပါတီ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၃၀ ကျော်တာဝန်ယူခဲ့တဲ့  ဦးခွန်ထွန်းဦး ၇၉ နှစ်ဟာ   ဧပြီ ၃၀ ရက်က ရန်ကုန်မြို့ ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ပြီး သူ့ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မေလ ၂ ရက်က မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

//
More News
Up