Home
မြန်မာသတင်း
မြောက်ကိုရီးယားနှင့်မြန်မာ လက်နက်ဆိုင်ရာ ပူးပေါင်းမှု သံသယရှိဟု ကုလပြော
DVB
·
March 12, 2014
မြောက်ကိုးရီယားနဲ့ မြန်မာ စစ်ပိုင်းဆိုင်ရာ ဆက်ဆံရေးနဲ့ လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ သံသယရှိနေကြောင်း ကုလသမဂ္ဂက မနေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုးရီယားနဲ့ မြန်မာနိုင်ငံဟာ ဆက်လက်ပြီး လက်နက်ဆိုင်ရာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေ သံသယရှိပြီး အာဖရိကတိုက်က အီသီယိုးပီးယာနဲ့ တန်ဇန်နီးယား နိုင်ငံတွေနဲ့လည်း လက်နက်ရောင်းဝယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သံသယတွေ ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ ဂျက်တိုက်လေယာဉ်တွေ၊ မြေပြင်နဲ့ ဝေဟင်ပစ် မစ်ဆိုင်း ဒုံးကျည်တွေအပြင် တခြားဆက်စက်လက်နက်ပစ္စည်းတွေကိုလည်း တင်ပို့ ရောင်းချတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားဟာ နည်းအမျိုးမျိုး အသုံးပြုပြီးတော့ လက်နက် ကုန်သွယ်မှုကိစ္စတွေကို လုပ်ဆောင်နေကြောင်း၊ မြောက်ကိုရီးယားသံရုံးတွေဟာလည်း အဓိက အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာတ၀န်းမှာရှိတဲ့ ကွန်ရက်တွေကို အသုံးပြုပြီး လက်နက် ရောင်းဝယ်နေတယ်လို့ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့တုန်းကလည်း အမေရိကန်ကာကွယ်ရေးက အစီရင်ခံစာထုတ်ခဲ့ပါသေးတယ်။ မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နဲ့ ပတ်သက်တဲ့ နည်းပညာတွေ ပံ့ပိုးနေတယ်လို့ အမေရိကန်က သံသယ ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မြောက်ကိုရီးယားနဲ့ လက်နက်တွေ ဆက်လက် ကုန်သွယ်မှုလုပ်နေတဲ့အတွက် အမေရိကန်က မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တဦးနဲ့ ကုမ္ပဏီတွေကို အမည်ပျက်စာရင်း ထည့်သွင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024