ဟင်္သာတမြို့တွင် မီးလောင်၊ ၁ ဦး သေဆုံး
DVB
·
March 12, 2014
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် ရေတံခွန် ၁ လမ်းနဲ့ ၂ လမ်းကြားမှာ ဒီနေ့ မွန်းလွဲ ၁ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် လူတဦးသေဆုံးပြီး နေအိမ် ၅ လုံးမီးလောင်ပျက်စီးသွားပါတယ်။
အဆိုပါ မီးလောင်သေဆုံးသူဟာ အငြိမ်းစားကျောင်းဆရာမကြီး တဦးဖြစ်ပြီး လေဖြတ်ဝေဒနာခံစားနေရတယ်လို့ ဟင်္သာတဒေသခံ ကိုမြင့်နိုင်က ပြောပါတယ်။
မွန်းလွဲ ၁ နာရီကျော်လောက်ကနေ မီးစတင်လောင်ကျွမ်းရာ ၂ နာရီကျော်မှာ မီးငြိမ်းခဲ့တယ်လို့ ပြောပါတယ်။
[gallery ids="53126,53127,53128,53129,53131,53132,53133,53134"]