စစ်ကိုင်းမြို့ရှိ ကမ္ဘောဇဘဏ် ဗုံးပစ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ် (၁) မှာ မေ ၁ ရက်နေ့ ညက ဆိုင်ကယ်နဲ့ အမည်မသိ လူနှစ်လာရောက်ပြီး ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အခု ည ၇ နာရီခွဲ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ကမ္ဘောဇဘဏ် (၁) ကို ဗုံးပစ် တိုက်ခိုက်ခံရတယ်။ ဆိုင်ကယ် ၁ စီးနဲ့ လူ ၂ ယောက် လာပစ်တယ်။ ဗုံးက ဘဏ်ထဲမရောက်ဘဲ အပြင်မှာ ပေါက်ကွဲသွားတယ်၊ ထိခိုက်တာတွေမရှိဘူး” လို့ မျက်မြင်တဦးက ပြောပါတယ်။

စစ်ကိုင်းမြို့က ကမ္ဘောဇဘဏ် (၁) ကို ဘယ်အဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီလောက်ကလည်း စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ့  ကမ္ဘောဇဘဏ်ခွဲ (၁) ကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

//
More News
Up