ရွှေ့ပြောင်းမြန်မာကျောင်းသား ၁၀၀ ကျော် မြ၀တီတွင် ၁၀ တန်း ဖြေမည်

ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းတွေက ကျောင်းသူနဲ့ ကျောင်းသား ၁၀၀ ကျော်ဟာ ကရင်ပြည်နယ် မြ၀တီမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ရောက်ရှိနေကြပါတယ်။ Screen shot 2014-03-11 at 7.14နိုင်ငံတ၀ှမ်းမှာ မတ် ၁၂ ရက်နေ့ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေး ပွဲ ဖြေဆိုဖို့ မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်း ၅ ကျောင်းက ကျောင်းသူနဲ့ ကျောင်းသား ၁၂၅ ယောက်ဟာ မနေ့ကတည်းက မြ၀တီမြို့မှာ ရောက်ရှိနေ ကြတာပါ။ ထိုင်းနိုင်ငံကို ရောက် ရှိနေကြ တဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ - ၂၀၀၃ ပညာသင်နှစ်ကစပြီး မြန်မာနိုင်ငံတွင်းမှာ စာမေးပွဲ ဖြေဆိုခွင့် ရရှိထားတာ ဖြစ်ပြီး ခု ဒုတိယအကြိမ်မြောက် ဖြေဆိုခွင့်ရတာပါ။ မနှစ်က ရွှေ့ပြောင်းမြန်မာကျောင်းက ကျောင်းသူနဲ့ ကျောင်းသား ၅၆ ယောက် ၀င်ရောက် ဖြေဆိုခဲ့ပြီး ၈ ယောက် အောင်မြင်ခဲ့တဲ့အကြောင်း ဒီနှစ်တော့ ပြည်တွင်းမှာ စာမေးပွဲသွားဖြေတဲ့ ကျောင်းသားအရေအတွက် ၂ ဆကျော် မြင့်တက်လာတယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဒု-ဥက္ကဋ္ဌ ဦးဌေးလှိုင်က ပြောပါတယ်။ မြ၀တီမှာ စာမေးပွဲဖြေဆိုမယ့် မြန်မာရွှေ့ပြောင်းကျောင်းသူ၊ ကျောင်းသားတွေဟာ သွေးသစ်ကျာင်း၊ စက်မှုလက်မှုအတက်ပညာသင်တန်းကျောင်း၊ ဆာသူးလေကျောင်း၊ စော ကျောင်းနဲ့ ကရင်ပြည်နယ်နယ်စပ်ဒေသမှာ ရှိတဲ့ ထီးမယ်ဝါးခီးကျောင်းတွေမှာ တက်ရောက်နေကြသူတွေ ဖြစ်ပါတယ်။ အခုနှစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူဦးရေ ၅ သိန်း ၈ သောင်းကျော် စာရင်းပေးသွင်းထားကြောင်း စာစစ်ဦးစီးဌာနကတဆင့် သိရပါတယ်။ ဒီဦးရေဟာ အရင်နှစ်တွေကထက် ၅ သောင်းကျော် တိုးလာတာလို့ ဆိုပါတယ်။ အခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို မတ် ၁၂ ရက်နေ့က စတင်ပြီး ၂၂ ရက်နေ့အထိ ကြားရက်တွေမှာ ၁ ရက် ၁ ဘာသာ ဖြေဆိုရမှာ ဖြစ်ပါတယ်။ အသံဖိုင်နားဆင်ရန်

//
More News
Up