Home
မြန်မာသတင်း
မိုးကုတ်တွင် လေပြင်းတိုက်၊ မိုးသည်းထန်ပြီး ရေကြီးနေ
DVB
·
April 30, 2022
279369135_961481571092541_271912966820543576_n
279352939_961481757759189_8812288664969853016_n
279350543_961481944425837_1462381875663187361_n
279333248_961481807759184_7994147501934075111_n
279227209_961481717759193_2861266397329071215_n
279221666_961481854425846_6325768550552793819_n

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၃၀ ရက် ဒီနေ့ မနက်ခင်း ၆ နာရီလောက်က စတင်ပြီး  လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးတွေပါ ကျနေတာကြောင့် ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်ကတ္တရာလမ်းမကြီးတင်မက လူနေအိမ်တွေထဲထိပါ ရေဝင်နေတယ်လို့  ဒေသခံတဦးက ပြောပါတယ်။

“မနက် ၆ နာရီကျော်ကတည်းက ရွာနေတာ။ ခြေသလုံး တဝက်ကျော်မြုပ်တယ်။ ခုထိ မတိတ်သေးဘူး။ ကတ္တရာလမ်းက ရေချောင်းဖြစ်နေပြီ။ လမ်းတွေတော့ ပျက်ပြီ။”

လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းနေတာ​ကြောင့် ဒေသခံတွေအနေနဲ့ သတိနဲ့နေကြဖို့နဲ့ အကူညီလိုအပ်ရင်ဆက်သွယ်ဖို့ ဒေသခံလူမှုကူညီရေးအသင်းတွေက ထုတ်ပြန်ထားပါတယ်။

မိုးကုတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပါက ကတ္တရာလမ်းတင်မက နေအိမ်တွေထဲ အထိပါ ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024