DVB Logo
Home
မြန်မာသတင်း
မတ်လ ၁၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
March 10, 2014
မတ်လ ၁၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

ဒီနေ့မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

Slide2မတ် ၁၁ ရက်နေ့ မြန်မာ့ပင်လယ်ပြင် အခြေအနေကတော့ မြန်မာ့ကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပြီး လှိုင်းအမြင့် ၂ ပေကနေ ၄ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မတ် ၁၁ ရက်နေ့ အပူရှိန်မြင့်တက်နိုင်မှု ကတော့ မြန်မာတနိုင်ငံလုံးမှာ ပုံမှန် အပူရှိန်ထက် သိသိသာသာ မြင့်တက်နိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊  ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် စတဲ့ဒေသတွေမှာ ၉ လောက်ထိ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ လောက်ထိ မြင့်တက်နိုင်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ ခရမ်းလွန်ရောင်ခြည်တွေ မြင့်တက်နိုင်တဲ့အတွက် နေပူထဲကို အကာ အကွယ်မဲ့ သွားလာခြင်းကို တတ်နိုင်သလောက် မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

မတ် ၁၁ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်ကနေ ၃၃ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ်ကနေ ၃၈ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။

မတ်  ၁၁ ရက်နေ့အတွက် တနိုင်ငံလုံးမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ မြန်မာတနိုင်ငံလုံးမှာ မိုးရွာဖို့ အလားအလာမရှိနိုင်ဘဲ အများအားဖြင့် သာယာနိုင်ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၁၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံအရ နေပြည်တော်ရဲ့ အနောက်မြောက်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

မတ် ၁၁ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပြီး တိမ်အသင့် အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မတ် ၁၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေပါတယ်။

မတ် ၁၁ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပြီး အများအားဖြင့် သာယာနိုင်ပါတယ်။

မတ် ၁၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံအရ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

မတ် ၁၁ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပြီး တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013