အမျိုးစောင့်ဥပဒေတွေ ရေးဆွဲရန် အကြံပြုချက်နဲ့ ဥပဒေကြမ်းတွေ ဖိတ်ခေါ်

အမျိုးစောင့်ဥပဒေတွေ ရေးဆွဲဖို့ ရဟန်းရှင်လူပြည်သူတွေထံက အကြံပြုချက်နဲ့ ဥပဒေကြမ်းတွေ ဖိတ်ခေါ်လိုက်ပါတယ်။ 1111သမ္မတက ဖွဲ့စည်းပေးထားတဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်က ဖိတ်ခေါ်လိုက်တာဖြစ်ပြီး ဒီဖိတ်ခေါ်ချက်ကို မတ်လ ၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွေ ရေးဆွဲနိုင်ဖို့ အခုလို ဖိတ်ခေါ်လိုက်တာဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလကုန် နောက်ဆုံးထား ပေးပို့ကြရမှာ ဖြစ်ပါတယ်။

More News
Up