Saturday, June 10, 2023
HomeLead Storyအိန္ဒိယပိုင် လေယာဉ်တစီး နီပေါလေဆိပ်မှာ ဆင်းသက်စဉ် မီးလောင်မှုဖြစ်

အိန္ဒိယပိုင် လေယာဉ်တစီး နီပေါလေဆိပ်မှာ ဆင်းသက်စဉ် မီးလောင်မှုဖြစ်

အိန္ဒိယပိုင် ဈေးသက်သာတဲ့ လေကြောင်းလိုင်း အင်ဒီဂိုရဲ့ A320 အဲဘတ်စ် လေယာဉ်တစီးဟာ နီပေါနိုင်ငံရဲ့မြို့တော် ခတ်မန်ဒူက လေဆိပ်မှာ ဆင်းသက်စဉ် နောက်ဘီး မီးလောင်မှု မတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

1အိန္ဒိယမြို့တော် နယူးဒေလီကနေ လိုက်ပါလာတဲ့ လေယာဉ်ပေါ်က ခရီးသည် ၁၇၆ ယောက်လုံးနဲ့ လေယာဉ်အမှုထမ်း ၆ ယောက်လုံး အရေးပေါ်တံခါးတွေကနေ လျှောဆင်းပြီး ဘေးကင်းကင်းနဲ့ ကယ်ထုတ် နိုင်ခဲ့ပါတယ်။

လေယာဉ်ဟာ လေဆိပ်မှာ ဆင်းသက်ပြီးနောက် ပြေးလမ်းကနေ လေယာဉ်ရပ်နားရာ နေရာကို အသွား နောက်ဘီးတလုံးက မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

လေယာဉ်ရပ်နားပြီးပြီးချင်း သတိထားမိတာနဲ့ တပြိုင်နက် အမြန် မီးငြိမ်းသတ်ခဲ့တယ်လို့ အင်ဒီဂို လေကြောင်းလိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။ ခုတော့ လေယာဉ်ကို စစ်ဆေးဖို့ ရပ်နားထားပြီလို့လည်း ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular