Home
မေးမြန်းခန်း
နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနား WLB ရန်ကုန်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်
ရွှေအောင်
·
March 8, 2014
1900103_10201686082579403_1960349949_n
မတ်လ ၈ရက် ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)WLB အနေနဲ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ကြပါတယ်။ 1900103_10201686082579403_1960349949_nနိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်တမြို့ထဲမှာ ၃ နေရာလောက် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်က မြန်မာငြိမ်းချမ်းရေးစင်တာမှာလဲ "မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အမျိုးသမီးများ၏ အသံကို ပါဝင်တင်ပြနိုင်ရေး ဆွေးနွေးပွဲ"တခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလည်း နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ချီတက်ပွဲနဲ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ ဒီအကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ သဘာပတိအဖွဲ့ဝင် ဒေါ်ဂနိုရီယာကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အသံဖိုင် နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024