ခေတ်အဆက်ဆက် ၀ယ်ထားတဲ့ သံရုံးမြေနေရာနဲ့ အဆောက်အဦတန်ဖိုး ၂ ဘီလီယံကျော် တန်ဖိုးရှိ

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့မြို့ကြီး ၄၀ မှာ သံရုံးတွေ၊ အမြဲတန်းကိုယ်စားလှယ်ရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်ထားတဲ့အနက် မြို့ပေါင်း ၁၈ မြို့က ရုံးတွေဟာ နိုင်ငံတော်က ၀ယ်ယူပိုင်ဆိုင်ထားတဲ့ မြေနဲ့ အဆောက်အဦတွေ ဖြစ်ပြီး ၂၂ မြို့မှာတော့ သက်ဆိုင်ရာနိုင်ငံက မြေနေရာတွေအပေါ်မှာ ငှားရမ်းဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးတင့်လွင်ဦးက ပြောပါတယ်။ [caption id="attachment_52895" align="alignright" width="300"]ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ထိုင်းနိုင်ငံရှိ မြန်မာသံရုံး[/caption]မတ် ၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်အမတ် ဒေါက်တာအေးမောင်က နိုင်ငံတကာမှာ မြန်မာနိုင်ငံပိုင်ဆိုင်တဲ့ သံရုံးမြေနေရာ၊ အဆောက်အဦ ဘယ်လောက်ရှိတယ်၊ တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာကို မေးမြန်းလို့ ပြည်ထောင်စု ဒုဝန်ကြီးက ခုလို ပြန်ဖြေလိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စုဒုဝန်ကြီးရဲ့ ပြန်လည် ဖြေကြားချက်အရ မြို့ပေါင်း ၁၈ မြို့ရဲ့ ရုံးမြေနေရာနဲ့ အဆောက်အဦတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိပေမယ့် ခေတ်အဆက်ဆက်က ၀ယ်ယူပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် ကာလတန်ဖိုးပေါက်ဈေး ဒီထက် အများကြီး မြင့်နိုင်ပါတယ်။ ၁၉၈၈ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရက ဂျပန်နိုင်ငံ တိုကျိုမြို့တော်က မြန်မာသံရုံး မြေနေရာ တချို့တ၀က် ရောင်းချခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းတာကိုတော့ ပြည်ထောင်စုဒုဝန်ကြီးက ဘာမှ ပြန်မဖြေခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up