ဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်းကျော် လျော့ကျ
DVB
·
March 6, 2014
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် အခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို ဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်းကျော် လျော့ကျသွားတယ်လို့ စီပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
မတ် ၅ ရက်နေ့က မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်း ပြပွဲနဲ့ဖွင့်ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ခုလိုအချိန်ထိ ပြည်ပကို ဆန်တန်ချိန် ၁ သန်း ၄ သိန်း တင်ပို့နိုင်ခဲ့ပြီး အခုနှစ်မှာတော့ တန်ချိန် ၁ သန်းလောက်ပဲ တင်ပို့နိုင်တာ ဖြစ်ပါတယ်။
အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆန်အထွက် လျော့ကျတာ၊ တရုတ်ဘက်က ၀ယ်လိုအား လျော့နည်းတာတွေကြောင့် ဆန်တင်ပို့နိုင်မှု လျော့ကျရတာလို့ မြန်မာနိုင်ငံဆန်စပါးအသင်း တာဝန်ရှိသူ ဦးစိုးဝင်းကလည်း အဲဒီဖွင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။