DVB Logo
Home
Lead Story
ဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်းကျော် လျော့ကျ
DVB
·
March 6, 2014
ဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်းကျော် လျော့ကျ
Donate to DVB

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် အခု ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ပကို ဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်းကျော် လျော့ကျသွားတယ်လို့ စီပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

Rice copyမတ် ၅ ရက်နေ့က မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပတဲ့ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်း ပြပွဲနဲ့ဖွင့်ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ခုလိုအချိန်ထိ ပြည်ပကို ဆန်တန်ချိန် ၁ သန်း ၄ သိန်း တင်ပို့နိုင်ခဲ့ပြီး အခုနှစ်မှာတော့ တန်ချိန် ၁ သန်းလောက်ပဲ တင်ပို့နိုင်တာ ဖြစ်ပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဆန်အထွက် လျော့ကျတာ၊ တရုတ်ဘက်က ၀ယ်လိုအား လျော့နည်းတာတွေကြောင့် ဆန်တင်ပို့နိုင်မှု လျော့ကျရတာလို့ မြန်မာနိုင်ငံဆန်စပါးအသင်း တာဝန်ရှိသူ ဦးစိုးဝင်းကလည်း အဲဒီဖွင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013