Home
မြန်မာသတင်း
ဘားအံမြို့ ၌ NON CDM ဝန်ထမ်းများဖြင့် ဗဟိုမဏ္ဍပ်ဖွင့်၊ မြို့ပေါ်တွင် သင်္ကြန်ရေကစားသူမရှိ
DVB
·
April 13, 2022
278471463_1067623884097884_2327224296590574581_n
277777187_1067623930764546_2597905741558640089_n
277793314_1067623974097875_2644993801579703944_n
277761816_1067623724097900_6097088459735029646_n
278340496_1067623750764564_4514230581236243937_n
278449224_1067623844097888_2236911462705432892_n

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီက ဖိအားပေးပြုလုပ်တဲ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို စစ်ကောင်စီခန့်ဝန်ကြီးတွေနဲ့ NON-CDM ဝန်ထမ်းတွေပဲ တက်ရောက်ခဲ့ပြီး မြို့ပေါ်လမ်းတွေမှာတော့  ရေကစားသူတောင် မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

ဗဟိုမဏ္ဍပ်ကို အရင်နှစ်တွေက ကမ်းနားလမ်းမှာ ပြုလုပ်ခဲ့ပေမဲ့ အခုနှစ်မှာတော့  လုံခြုံရေး အခြေအနေအရ ပြည်နယ်နေ့အခမ်းအနားပြုလုပ်ရာ သီရိလမ်း၊ သီရိကွင်း(အစိုးရရုံးအနီး)မှာ ပြုလုပ်ခဲ့တာပါ။

အစိုးရရုံးအဖွဲ့ဝန်ထမ်းတစ်ဦးက “ဒီနှစ်သင်္ကြန်က အဖြစ်ပဲလုပ်တာပါ။ အပေါ်က ဖိအားတွေက များတယ်။ လုံခြုံရေးအခြေအနေကြောင့် သီရိကွင်းမှာ လာလုပ်တာလည်း ဖြစ်မယ်။ ဖွင့်ပွဲတောင် ဝန်ထမ်းတွေနဲ့ ဖွင့်ရတာ။ ဒီအချိန် ဘယ်ပြည်သူမှတက်မှာလည်း မဟုတ်ဘူး။ အကြံအဖန်နဲ့ လုပ်ယူရတဲ့ ပျော်ရွှင်မှုက ဘယ်လို ပျော်ရွှင်မှာလဲ”လို့ ဆိုပါတယ်။

နိုင်ငံအနှံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့အတူ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို စာနာတဲ့အနေနဲ့ ပြည်နယ်သူပြည်နယ်သားတွေဟာ တော်လှန်သင်္ကြန်သပိတ်မှာ ပူးပေါင်းပါဝင်တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းနဲ့ ပြည်သူတွေဆီကို ပျော်ရွှင်မှုတွေ မကြာခင် အရောက်ယူဆောင်လာနိုင်တော့မယ်ဆိုတာ ထပ်လောင်းပြောကြားချင်တယ်လို့ ကရင်ပြည်နယ်သား တော်လှန်းရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဘားအံမြို့ပေါ် ရပ်ကွက်တချို့မှာ ရပ်ကွက်မဏ္ဍပ်တွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်းက လူငယ်တွေကိုဖိအားပေးပြီး ရေကစားခိုင်းတာတွေရှိတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်အတွင်း ရေကစားထွက်တာတွေ မပြုလုပ်ဖို့နဲ့ နေအိမ်တွင်းနေထိုင်ပြီး တော်လှန်သင်္ကြန်မှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားသလို စစ်အုပ်စုနား ပြည်သူတွေ မသွားရောက်ဖို့ တော်လှန်ရေးအင်အားစုတွေက ကြိုတင်အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024