Home
မြန်မာသတင်း
မြန်မာ လူငယ်များ၏အသံ အာဆီယံလူငယ်ဖိုရမ်တွင် ကြားရမည်
DVB
·
March 5, 2014
မြန်မာနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ လူငယ်ဖိုရမ်မှာ မြန်မာနိုင်ငံတ၀န်းလုံးက အောက်ခြေနဲ့ ဖယ်ကျဉ်ခံ ထားရတဲ့ လူငယ်တွေရဲ့ အသံကို ကြားရဖို့ ရည်ရွယ်ထားတယ်လို့ အာဆီယံ လူငယ်ဖိုရမ် ဖြစ်မြောက်ရေး အဖွဲ့က ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ၊ ပတ်ဝန်းကျင်၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီဖြစ်စဉ်၊ လွတ်လပ်စွာ ပြောဆိုခွင့် စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြမယ့် အာဆီယံလူငယ်ဖိုရမ် ကို အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ မတ် ၁၇ ကနေ ၁၉ ရက်နေ့အထိ ၃ ရက်တာထိ ကျင်းပဖို့ရှိနေတာပါ။ 1506951_558588474256835_2120256684_nဒီဖိုရမ်မှာ လူမျိုးဘာသာ အသားအရောင်၊ လိင်၊ လူ့အခွင့်အရေး အခြေအနေတွေကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ တန်ဖိုးကို အလေးထား ကိုယ်စားပြု ရွေးချယ်ထားတဲ့ အာဆီယံ နိုင်ငံတွေက လူငယ် ၃၀၀ ကနေ ၄၀၀ လောက်အထိ ပါဝင်နိုင်မှာ ဖြစ်တယ်လို့ အာဆီယံ လူငယ်ဖိုရမ် ဖြစ်မြောက်ရေး တာဝန်ရှိသူက ပြောပါတယ်။ ဒီလူငယ်ဖိုရမ်ဟာ ဒေသတွင်းမှာ အကြီးဆုံးနဲ့ အတက်ကြွဆုံး အမျိုးမျိုးကွဲပြားခြားနားတဲ့ လူငယ်ဖိုရမ် ဖြစ်လာမယ်လို့ မျှော်လင့်ပြီး မြန်မာလူငယ်တွေဟာ မျှော်လင့်ချက် ကြီးမားသလို ဒီဖိုရမ်နဲ့ ပတ်သက်ပြီးတော့လည်း ပြင်းပြတဲ့ ဆန္ဒတွေရှိနေတယ်လို အာဆီယံ လူငယ်ဖိုရမ် ဖြစ်မြောက်ရေး ကိုယ်စားလှယ် ဂျိုဘာရယ်ဒိုက အခုလို ပြောပါတယ်။ “အာဆီယံက သူတို့နဲ့လာပြီးတော့ စေစပ်မှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ ဆန္ဒအာသီသတွေ မြန်မာ လူငယ်တွေဆီမှာရှိနေပါတယ်။ အာဆီယံ အစိုးရတွေနဲ့ စေ့စပ်ဆွေးနွေးတာဟာ အရမ်းကို အရေးပါတယ်ဆိုတာကို သူတို့ နားလည်ထားပါတယ်။” အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူထားတဲ့ နိုင်ငံတိုင်းဟာ အာဆီယံ လူငယ်ဖိုရမ်ကို ကျင်းပရတာ ဖြစ်ပါတယ်။ ဒီဖိုရမ်က အာဆီယံ ခေါင်းဆောင်တွေနဲ့ လူငယ်တွေ တွေ့ဆုံခွင့်ရဖို့ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ လူငယ်တွေရဲ့ အခြေအနေကို ခေါင်းဆောင်တွေဆီ တင်ပြနိုင်မှာ ဖြစ်ပါတယ်။ အာဆီယံ လူငယ်ဖိုရမ် မကျင်းပမီ လူငယ်ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ် ဖိုရမ်တခုကိုလည်း မွန်ပြည်နယ် မော်လမြိုင်မှာ ကျင်းပနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024