ဗင်နီဇွဲလားတွင် အဓိကရုဏ်း ဆက်ဖြစ်

ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ်မြို့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုန့်ရင်းဆန်ခတ် ဆက်ဖြစ်နေပါတယ်။ Clashes in Venezuelaသမ္မတ နီကိုလပ်စ် မာဒူရိုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက ဦးဆောင်ပါတယ်။ ဗင်နီဇွဲလား ရုပ်သံလွှင့်ဌာနတွေက ထုတ်လွှင့်တဲ့ သတင်းမှာ ရဲတွေဆီကို ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက ဆွဲခေါ်သွားပါတယ်။ နိုင်ငံတွင်းက စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေကြောင့် အကြမ်းဖက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၂ လမြောက် ရှိလာပါပြီ၊။ ဆန္ဒပြပွဲတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း အနည်းဆုံး လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။ သမ္မတ မာဒူရိုကတော့ သူပြိုင်ဘက်တွေက အာဏာသိမ်းဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

//
More News
Up