သီလ၀ါစီးပွားရေးဇုန် ရှယ်ယာများ ၀ယ်နိုင်သည့်ဘဏ် ကြေညာ
DVB
·
March 5, 2014
သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ၄၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ရထားတဲ့ မြန်မာသီလ၀ါ SEZ ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီဟာ ၁ စု ကျပ် ၁ သောင်းတန် ရှယ်ယာ အရေအတွက် ၂ သန်းကျော် ရောင်းချပေးမယ့် ဘဏ် ၅ ခုနဲ့ ဘဏ်ခွဲ ၁၉၄ ခုရဲ့ နာမည်စာရင်းကို ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။
[caption id="attachment_47770" align="alignright" width="300"] သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]အဲဒီဘဏ်တွေကတော့ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ စီဘီဘဏ်၊ ရိုးမဘဏ်နဲ့ မြန်မာရှေ့ဆောင်ဘဏ်တွေ ပါဝင်ပြီး ကမ္ဘောဇဘဏ်ကတော့ ဘဏ်ခွဲ ၆၅ ခုနဲ့ အများဆုံး ပါဝင်ပါတယ်။
ဘဏ်ခွဲတွေဟာ မြန်မာနိုင်ငံအနှံ့အပြားက မြို့နယ်တွေမှာ တည်ရှိတာကြောင့် နယ်က ပြည်သူတွေပါ အစုရှယ်ယာတွေကို လွယ်လွယ်ကူကူ ၀ယ်ယူနိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စုစုပေါင်း တန်ဖိုး ကျပ်ငွေ ၂၁ ဘီလီယံဖိုး အစုရှယ်ယာ ရောင်းချမှာဖြစ်ပြီး နောက်ပိုင်း လိုအပ်ရင် အများပြည်သူကို ထပ်ပြီး ရောင်းပေးသွားဦးမယ်လို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ပြောဆိုထားပါတယ်။