DVB Logo
Home
Lead Story
လက်ပံတောင်း ၀က်မှေးရွာ ကျိန်စာတိုက်ပွဲ
DVB
·
March 3, 2014
လက်ပံတောင်း ၀က်မှေးရွာ ကျိန်စာတိုက်ပွဲ
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသခံက ၀က်မှေးရွာမှာ ဒေသခံတွေ စုပေါင်းပြီး ကျိန်စာတိုက်ပွဲတခု ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

lp2လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ဆွေးနွေး တိုင်ပင်ခြင်း မရှိတဲ့အပြင် သပိတ်စခန်းဖွင့် ဆန္ဒပြတဲ့ ဒေသခံတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်တယ်ဆိုပြီး ဒေသခံတွေက ဦးပိုင်နဲ့ ၀မ်ပါင်ကုမ္မဏီတွေကို ကျိန်စာ တိုက်တာ ဖြစ်တယ်လို့ ဦးဆောင်သူ ၀က်မှေးရွာသူ ဒေါ်သွဲ့သွဲ့ဝင်းက ပြောပါတယ်။

အဓိကအားဖြင့် ဒီကုမ္မဏီတွေ လက်ပံတောင်းဒေသကနေ အမြန်ထွက်သွားရေး အခုလို ၀က်မှေးရွာက နတ်စင်မှာ ကျိန်စာတိုက်တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း လယ်သမား ၆၀ ကျော်ကလည်း သူတို့ လယ်မြေသိမ်းခံရမှုအတွက် ဒီလို အလားတူ ကျိန်စာတိုက်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013