အခြေခံဥပဒေ ပြင်ဆင်ရေး သာကေတမှာ ဆန္ဒဖော်ထုတ်

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် မတ်လ ၁ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ ပုဒ်မ ၅၉(စ)(ဃ)၊ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့အတွက် အဓိက ဆန္ဒပြခဲ့ကြပါတယ်။ 1654390_290380421116133_1546827528_nဒီဆန္ဒပြပွဲကို သက်ဆိုင်ရာမှာ ခွင့်ပြုချက်တောင်းခံခဲ့ပြီး လူ ၂၀၀ ကျော် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို မနက် ၈ မှာ သာကေတမြို့နယ် အနော်မာလမ်းထိပ်ကနေ သာကေတ အုပ်ချုပ်ရေးမှူးရုံး ရှေ့ထိဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲကို အရပ်ဖက်အဖွဲ့စည်းမှ လူများ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ အခုဆန္ဒပြပွဲကို သက်ဆိုင်ရာက ခွင့်ပြုချက်ရပြီးသားဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၇ မြို့နယ်က ဒေသခံတစ်ထောင်ကျော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(ဃ)၊ (စ) နဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ ပဲခူးမြစ်ကူးတံတားအနီးမှာ စနေနေ့ မနက်က ဆန္ဒပြခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up