DVB Logo
Home
မြန်မာသတင်း
ရွှေတောင်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ
DVB
·
February 28, 2014
ရွှေတောင်တွင် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့မှာ သောက်သုံးရေ မသန့်တဲ့အတွက် ရပ်ကွက်အတွင်း နေထိုင်သူတွေ အများအပြား ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

vlcsnap-00013ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့က စက်ရုံဝန်ထမ်းတွေနေတဲ့ ၂ ရပ်ကွက်မှာ ၂ ရက် အတွင်း ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ ကလေး ၆ ယောက်အပါအ၀င် ၄၉ ယောက် ရှိလာတယ်လို့ ရွှေတောင်မြို့ ကျန်းမာရေးရုံးက ပြောပါတယ်။

အဲဒီရပ်ကွက်က ရေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးတဲ့အခါ အပြင်းစားတော့ မဟုတ်ဘူးလို့ သိရကြောင်း ရွှေတောင်မြို့ ကျန်းမာရေးရုံး သူနာပြုဆရာမ ဒေါ်အေးမြင့်က ပြောပါတယ်။
“အခု ၁ ရက် ၂ ရက်အတွင်းမှာပဲ ဖြစ်တာပါ။ ရေမသန့်လို့ ပြောပါတယ်။ သူတို့အပေါ်က လာတဲ့ရေပါ။ သူတို့ဝန်ထမ်းတွေ သောက်တဲ့ရေပေါ့။ နည်းနည်း မသန့်လို့တဲ့ ပြောတာပဲ။ အလှူအိမ်တခုမှာ ၀င်စားလို့ အစုလိုက် အပြုံလိုက်ဖြစ်တယ်ဆို အလှူအိမ်က ဟင်းကြောင့် မုန့်ကြောင့်လို့ သတ်မှတ်တာလေ။ အစားအသောက်က မတူဘူး။ ရေက ဒီရေပဲ သောက်တာ ဆိုတော့ ရေလို့ပဲ သတ်မှတ်တယ်တဲ့။”

ဆေးရုံတက်ရတဲ့ထိ ပြင်းထန်တာ မရှိပေမယ့် ရပ်မသွားသေးဘဲ ဆက်လက် ဖြစ်နေတဲ့အတွက် မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအဖွဲ့တွေ၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသမီးရေးရာ အဖွဲ့တွေ ပေါင်းပြီး ရပ်ကွက် ၂ အတွင်း ပိုးသတ်ဆေးဖျန်းပေးနေပါတယ်။

ရွှေတောင်မြို့ အမျိုးသမီးရေးရာအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါ်ရင်ကြွေ က “အန်တီတို့က မယကရုံးမှာ သန်းခေါင်စာရင်းအတွက် အစည်းအဝေး သွားတာလေ။ အစည်းအဝေးသွားရင်းနဲ့ မြို့နယ်ကနေ ပြီးတော့ အရေးပေါ်ပေါ့။ ဒီမှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတယ် ဆိုပြီးတော့ လာပြောတာနဲ့ အန်တီတို့ အားချင်းပဲ ချက်ချင်းပဲ သိတာ ၁၂ နာရီလောက်သိတယ်။ ၁ နာရီခွဲမှာ ဒီအစီအစဉ်ကို စလုပ်လိုက်တာပဲ” လို့ ပြောပါတယ်။

အခု ဖြစ်ပွားနေတဲ့ ရပ်ကွက်ဟာ ရွှေတောင်မြို့ပေါ်မဟုတ်ပဲ ချည်မျှင်နဲ့ အထည်စက်ရုံ ၀န်ထမ်းရပ်ကွက်ဖြစ်တဲ့ စံပြနဲ့ အောင်မြင်သာရပ်ကွက်တွေမှာ ဖြစ်နေပြီး အဲဒီနေရာမှာ စက်ရုံ ရေစစ်ကန်ကနေတဆင့် ရေပေးဝေနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013