DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်ငြိမ်းချမ်းရေး သုတေသနဌာန ချင်းမိုင်တွင် ဖွင့်လှစ်
DVB
·
February 27, 2014
မြန်မာပြည်ငြိမ်းချမ်းရေး သုတေသနဌာန ချင်းမိုင်တွင် ဖွင့်လှစ်
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ရေး တဘက်တလမ်းကနေ အထောက်အကူပြုစေဖို့ ရည်ရွယ်တဲ့ သုတေသနဌာနတခုကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီ သုတေသနဌာနကို ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ပြည်ထောင်စုဌာနလို့ အမည်ပေးထားပြီး ရန်ကုန်နဲ့ ချင်းမိုင်မှာ ၂ နေရာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့အနက် ထိုင်းနိုင်ငံ ချင်းမိုင်ဌာနကို ဒီနေ့ အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့တာပါ။

Untitled-2မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပခင် တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး ဆောင်ရွက်နေချိန်မှာ အတတ်ပညာ နည်းပညာတွေနဲ့ ထောက်ကူပြုနိုင်ဖို့ ဒီဌာနကို ဖွင့်လိုက်ရတာလို့ ဌာနရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးခွန်းဆိုင်က ပြောပါတယ်။

တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေ သဘောတူချမှတ်ထားတဲ့ မူဘောင်တခုချင်းစီရဲ့ အကြောင်းအရာ အနက်အဓိပ္ပာယ်တွေလည်း ကောင်းကောင်း သိရှိနားလည်ဖို့ လိုအပ်တဲ့အတွက် သုတေသနလုပ်ဖို့ ဖြစ်လာရတာလို့ ဦးခွန်းဆိုင်က ပြောပါတယ်။
“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ကြည့်လိုက်တဲ့အခါမှာတော့ ဆွေးနွေးဖို့ ခေါင်းစဉ် ၁၉ ခု ထွက်လာပါတယ်။ ဘာတွေပါသလဲဆိုတော့ အခြေခံဖွဲ့စည်းပုံရေးရာ၊ လုံခြုံမှုရေးရာ၊ စီးပွားရေးရာ၊ မြေယာကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ လူ့အခွင့်အရေးကိစ္စ အစရှိတဲ့ခေါင်းစဉ် ၁၉ ခုထွက်လာပါတယ်။ အဲဒီ ၁၉ ခုကို ကျနော်တို့ ဆွေးနွေးမယ်ဆိုရင် ဒီဥစ္စာဟာ သုတေသန ကောင်းကောင်းလုပ်ထားမှ ရမယ်၊ အခုထိ လုပ်ထားတော့ ရှိတယ်။ ဒါပေမယ့် အစီစဉ်တကျ ပြန်ပြီးတော့ စီမံခန့်ခွဲထားဖို့ လိုတယ် ဆိုပြီးတော့ ကျနော်တို့လုပ်လာတာပါ။”

သုတေသနလုပ်ငန်းမှာ ဒါရိုက်တာအဖွဲ့အဖြစ် ဦးခွန်းဆိုင်နဲ့အတူ ဒေါက်တာဆလိုင်း လျန်မုန်းဆာခေါင်း၊ စောထူးထူးလေးနဲ့ စိုင်းလတ်တို့ ၄ ဦး ပါဝင်ပြီး သုတေသီလူငယ် ၁၀ ဦးတို့နဲ့ အဓိက ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းဟာ အဖွဲ့အစည်းတခုခုအတွက် ရည်ရွယ်တာ မဟုတ်ဘဲ ပြည်ထောင်စုတခုလုံး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တာမို့လို့ တိုင်းရင်းသားအဖွဲ့၊ လူထုလူတန်းစား အဖွဲ့အစည်းနဲ့တကွ ပြည်သူတွေပါ သတင်းအချက်အလက်များ ဆက်သွယ် ပေးပို့ကြဖို့လည်း သုတေသနဌာနက ဖိတ်ခေါ်ထားပါတယ်။

သုတေသနလုပ်ငန်းစဉ်တွေကို ၂၀၁၆ ခုနှစ်ထိ လုပ်ကိုင်ဖို့ လျာထားပြီး နောက်ထပ် ဆက်လက် ဖွင့်လှစ်ဆောင်ရွက်ရေးကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး လိုအပ်ချက်တွေပေါ် မူတည်ကြောင်း ဦးခွန်းဆိုင်က ဖြည့်စွက် ပြောကြားပါတယ်။

ဒီလုပ်ငန်းကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လကတည်းက စတင်ခဲ့ပြီး ဒီနေ့မှ ချင်းမိုင် ရုံးကို တရားဝင် ဖွင့်လှစ်ကာ ရန်ကုန်ရုံးကိုလည်း များမကြာမီ တရားဝင်ဖွင့်လှစ်သွားမယ်လို့ လည်း သိရပါတယ်။

ဌာနအကြောင်း လေ့လာချင်တယ်ဆိုရင်တော့ အင်တာနက်စာမျက်နှာ http://www.pyidaungsuinstitute.org ၀က်ဘ်ဆိုက်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013