အပျော်စီး သင်္ဘော ၃ စင်း ထပ်တိုး
DVB
·
February 27, 2014

ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေတဲ့ အပျော်စီးသင်္ဘော (၆) စီး ရှိနေရာကနေ မကြာမီ (၃) စီးထပ်တိုးမှာမို့ စုစုပေါင်း ၉ စီးရှိလာတော့မှာ ဖြစ်တယ်လို့ ရေကြောင်းပို့ဆောင်ရေးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက လက်ရှိအသုံးပြုနေတဲ့ တေဇ နဲ့ တိုးဝါ သင်္ဘောနှစ်စီးကို အပျော်စီး သင်္ဘောအဖြစ် ပြောင်းလဲ လုပ်ကိုင်မှာ ဖြစ်ပြီး ဈေးသင်္ဘော အဖြစ် အသုံးပြုနေတဲ့ မြဧရာ သင်္ဘောကိုလည်း အပျော်စီးသင်္ဘောအဖြစ် ပြေးဆွဲမယ်လို့ ဆိုပါတယ်။
လောလောဆယ် အပျော်စီးသင်္ဘော တချို့ ၀ါးတန်းဆိပ်ကမ်းနဲ့ ဗိုလ်တထောင် ဆိပ်ကမ်း ကနေ ပြေးဆွဲနေပြီး ၃ နာရီလောက်ကြာတဲ့ ခရီးစဉ်တခုကို လူတဦး ဒေါ်လာ ၃၀ ကျော်နှုန်းနဲ့ ပြေးဆွဲနေကြောင်း စုံစမ်းသိရပါတယ်။
