DVB Logo
Home
မြန်မာသတင်း
မြန်မာ့သံတော်ဆင့် သတင်းထောက်အား ထောင်ဒဏ် ၂ နှစ်ချမှတ်
DVB
·
March 23, 2022
မြန်မာ့သံတော်ဆင့် သတင်းထောက်အား ထောင်ဒဏ် ၂ နှစ်ချမှတ်
Donate to DVB

ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီး တရားစွဲခံထားရတဲ့ မြန်မာ့သံတော်ဆင့် သတင်းထောက် ဦးရဲရင့်ထွန်းအား မတ် ၂၃ ရက်နေ့မှာ ပုသိမ်ထောင် အထူးတရာရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
"ဖမ်းထားတာ ၁ နှစ်ကျော်ကြာပြီ၊ ဒီနေ့မှ ပုသိမ်ထောင် အထူးတရားရုံးက ၅၀၅ အရ ၂ နှစ်ချလိုက်တာ။ သူသတင်းယူနေချိန်မှာ ဖမ်းခံရတာ၊ တပ်ဆင်ချင်တဲ့ပုဒ်မနဲ့ အမိန့်ချတာ" လို့ ဦးရဲရင့်ထွန်းနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဦးရဲရင့်ထွန်းကို ၅၀၅(က)၊ ၅၀၅(ခ) တို့နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို ခံစားခွင့်ပြုတယ်လို့ ဆိုပါတယ်။
မြန်မာ့သံတော်ဆင့်သတင်းထောက် ဦးရဲရင့်ထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဆန္ဒပြပွဲကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းချိန်မှာ ဖမ်းဆီးခံရတာပါ။
အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းအတွင်း မဇ္ဈိမသတင်းဌာန အယ်ဒီတာတဦးဖြစ်တဲ့ ကိုသန်းထိုက်အောင်နဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းကိုလည်း ၅၀၅(က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013