ဗဟန်း ဆရာစံရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဥပဒေနှင့်အညီ တာဝန်မှရပ်စဲခြင်းဖြစ်ဟုဆို

မီဒီယာများကို ရှင်းလင်းပြောကြားနေစဉ်
1K
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဆရာစံ(တောင်)ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းကို တာဝန်မှာ ရပ်စဲလိုက်တာဟာ ဥပဒေနဲ့အညီဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းမီဒီယာတွေကို ခေါ်ယူရှင်းပြခဲ့ပါတယ်။
[caption id="attachment_52377" align="alignleft" width="300"]
စစ်ဆေးတွေ့ရှိချက်များအရ ရပ်ကွက်နေ ပြည်သူတွေ ထံမှ ငွေကြေးကောက်ခံပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့အရည်အချင်း ပျက်ယွင်းနေတဲ့အတွက် အခုလို တာဝန်မှရပ်စဲလိုက်ရကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။
အခုလို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ငွေကိုင်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တာဝန်မှ ရပ်စဲပစ်လိုက်တာ ၃ ဦး ရှိပြီလို့ သိရပါတယ်။