ပဲခူးမြို့ သီရီဥဿာဈေး မီးလောင်
DVB
·
February 27, 2014

ပဲခူးမြို့ သီရီဥဿာ ၂ ထပ်ဈေး ဒီနေ့ မနက် ၁ နာရီကျော်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မနက် ၄ နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
ဈေးအပေါ်ထပ်ရှိ မစ်ကီမောက်စ် (MICKEY MOUSE) ကစားခန်းမ မျက်နှာကြက်ကနေ သွယ်တန်းထားတဲ့ လုံခြုံရေးမီးလိုင်း အပူလောင်ကျွမ်းမှုကြောင့် ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်း ၅၀၀ တန်ဖိုးနီးပါး ဆုံးရှုံးသွားကြောင်း သိရှိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိဘဲ မီးပေါ့ဆမှုကြောင့် ဈေးတာဝန်ခံ ၁ ဦးနဲ့ ဈေးလုံခြုံရေး ၂ ဦးတို့ကို ပဲခူးမြို့နယ် အမှတ် (၁) မြို့မရဲစခန်းက (ပ) ၁၅၄/၂၀၁၄ ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
