DVB Logo
Home
မြန်မာသတင်း
တပ်မတော်နေ့အကြို မြန်မာတပ်မတော် စစ်ရေးလေ့ကျင့်
DVB
·
February 26, 2014
တပ်မတော်နေ့အကြို မြန်မာတပ်မတော်  စစ်ရေးလေ့ကျင့်
Donate to DVB

လာမယ့် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ မကျင်းပခင် ၁ လလာက် အလိုမှာ မြန်မာ့တပ်မတော်က ကြည်းရေးလေ ပူးပေါင်းတပ်ဖွဲ့တွေက ခေတ်မီ လက်နက်တွေသုံးပြီး စစ်ရေးပြမှုတွေ ပြုလုပ်သွားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့က မိထ္တီလာမြို့မှာ တပ်မတော်ကြည်း၊ လေ၊ အမြောက်နဲ့ သံချပ်ကာတပ်ဖွဲ့များရဲ့ ပူးပေါင်းပြီး အနော်ရထားအမည်ရှိတဲ့ စစ်ဆင်မှု လေ့ကျင့်မှုတွေ ပြုလုပ်သွားတာပါ။

[caption id="attachment_52347" align="alignright" width="300"]ဓာတ်ပုံ - U Ye Htut ဓာတ်ပုံ - U Ye Htut[/caption]အရင် စစ်အစိုးရခေတ်ကလည်း အခုလို စစ်ရေးလေ့ကျင်မှုမျိုးတွေ ရှိခဲ့ပေမယ့် အစိုးရက သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်ဆောင်ရွက်ခဲ့ရာက ခုအခါမှာတော့ စစ်တပ်ပိုင် မြ၀တီရုပ်မြင်သံကြားကနေ ဒီစစ်ရေးထုတ်လွှင့်မှု ရုပ်သံတွေနဲ့ သတင်း ဓာတ်ပုံတွေ လူသိရှင်ကြားထုတ်လွှင့်ခဲ့တာပါ။

အစိုးရပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီလေ့ကျင့်မှုဟာ တခြားနိုင်ငံတွေလို ပူးပေါင်းလေ့ကျင့်ခန်းတွေဟာ လုပ်လေ့လုပ်ထရှိတဲ့ အတွက် လိုက်လံလုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုသာဖြစ်ပြီး အသုံးပြုသွားတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့တော့ ပြောဆိုခြင်း မရှိပါဘူးလို့ ပြောပါတယ်။

လူမှုရေးကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ စစ်ရေးလေ့ကျင့်မှု ရုပ်ပုံတွေမှာတော့ MIG တိုက်လေ ယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ ခေတ်မီ စစ်လက်နက်ပစ္စည်းတွေ ပါဝင်ပြီး မြေပြင်ကရော ဝေဟင်ကပါ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။

အခုလို စစ်ရေးလေ့ကျင့်ရတာနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်ကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ Standard Army အဖြစ်တည်ဆောက်လျက်ရှိတယ်လို့ ပြောတဲ့အကြောင်းလည်း စစ်တပ်ပိုင်မီဒီယာမှာ ရေးသားထားပါတယ်။

ဒီအတွက် လူ၊ လက်နက်၊ ပစ္စည်း ကိရိယာများ ဖွဲ့စည်းရုံဖြင့် မပြည့်စုံဘဲ စစ်လက်နက် ပစ္စည်း ကိရိယာများအား ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရန် လိုတဲ့ အတွက် စစ်မြေပြင် ကဲ့သို့သော အတွေ့အကြုံမျိုး ရရှိစေဖို့ တပ်ဆင်ထားတဲ့ လက်နက်၊ ပစ္စည်းကိရိယာ၊ ယန္တရားများဖြင့် လေ့ကျင့် ခန်းများ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတပိုင်းအစိုးရသစ်တက်လာပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေကြောင့် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးထားပေမယ့် စစ်လက်နက်ပစ္စည်း တင်ပို့မှုတွေကိုတော့ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

ကာကွယ်ရေး စစ်တပ်သတင်းတွေကို အသားပေး ရေးသားနေတဲ့ Jane’s Defence Weekly က အမေရိကန် ပြည်ထောင်စုအနေနဲ့၁၉၈၈ခုနှစ် ကတည်းက မြန်မာအပေါ် ပိတ်ပင်ထားတဲ့ စစ်လက်နက်ပစ္စည်း တင်ပို့မှု ဖြေလျော့ ပေးနိုင်ဖွယ်ရှိတယ်လို့လည်း အရင်ရက်ပိုင်းက ရေးသားခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောခွင့်ရကတော့ မြန်မာကို လက်နက် တင်ပို့ရေး ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းဖို့ စဉ်းစားထားတာမရှိဘူးလို့ ဆိုပါတယ်။

အရပ်သားအစိုးရတက်လာပြီးတဲ့နောက် မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အမေရိကန်နဲ့ ပူးတွဲ စစ်ရေးလေ့ကျင်တဲ့ ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်ခန်းမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရရှိထားပါတယ်။

အပြည့်အစုံ နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013