မသန်စွမ်းအားကစားသမားများကို ဂုဏ်ပြုချီးမြှင့် (ဓာတ်ပုံ)

ကျင်းပပြီးစီးသွားတဲ့ မသန်စွမ်းသူတွေရဲ့ ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲမှာ ရွှေမင်းသားဖောင်ဒေးရှင်းကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် မသန်စွမ်း အားကစားသမားတွေကို မနေ့က ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၃ နာရီ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းနဲ့ ၀ါးတန်းလမ်းထောင့်ရှိ ပန်ဒါဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားက ရွှေတံဆိပ် ၉၉ ခုဖြင့် ဗိုလ်စွဲခဲ့ပြီး အိမ်ရှင် မြန်မာက ရွှေတံဆိပ် ၃၄ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၅ နေရာသာ ရရှိခဲ့ပါတယ်။ (ဓာတ်ပုံ - ရွှေမင်းသား ဖောင်ဒေးရှင်း) [gallery ids="52317,52318,52319,52320,52321,52322,52323"]

//
More News
Up