Seagate ပြည်တွင်းမှာ တရားဝင် ကိုယ်စားလှယ်ထားပြီး ဖြန့်မည်
DVB
·
February 26, 2014

ဆီးဂိတ်လ်ကုမ္ပဏီ (Seagate) ဟာ သူ့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာ တရားဝင် ကိုယ်စားလှယ် ခန့်အပ်ပြီး ဖြန့်ချိသွားတော့မယ်လို့ ကုမ္ပဏီဒုဥက္ကဋ္ဌနဲ့ ညွှန်မှူး မစ္စတာ ဘန်ဆိုင်းတက်ခ် (Mr.Ban Seng Teh) က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန် ချက်ထရီယံဟိုတယ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလိုပြောလိုက်တာ ဖြစ်ပြီး မြန်မာပြည်ကိုယ်စားလှယ်တွေအဖြစ် Ingram Microနဲ့ Synnex ကုမ္ပဏီတွေကို ခန့်အပ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဆီးဂိတ်လ်ကုမ္ပဏီဟာ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ လုပ်ငန်းမျိုးစုံမှာ အသုံးပြုတဲ့ အချက်အလက် သိုမှီးနိုင်တဲ့ ဟာ့ဒစ်နဲ့ ဟာ့ဒစ်စ်ဒရိုက်ဖ် မျိုးစုံထုတ်လုပ်နေတဲ့
ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာပြည်တွင်း ဈေးကွက်မှာလည်း ဈေးကွက်ဝေစု အတော်များများ ရထားတယ်လို့ ရန်ကုန် ဆိပ်ကမ်းသာလမ်း ကွန်ပျူတာ အရောင်းဆိုင်ဝန်ထမ်းတွေက ပြောပြကြပါတယ်။
