တရုတ်-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မည်

တရုတ်တပ်မတော်နဲ့ အိန္ဒိယတပ်မတော်တို့ ဒီနှစ်ထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု အပါအ၀င် စစ်ရေးပူးဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ နှစ်နိုင်ငံ သဘောတူညီမှု ရခဲ့ကြတယ်လို့ စီစီတီဗွီ တရုတ်ရုပ်သံ သတင်းမှာ ဖော်ပြပါတယ်။ china-indiaအိန္ဒိယနိုင်ငံ နယူးဒေလီမှာ မနေ့ကကျင်းပခဲ့တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုတိယအကြီးအကဲ မစ္စတာ ၀န်ဂန်ဇောင် (Wang Guanzhong) နဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် အာကေမာသာ (R K Mathur) တို့က ဒီနှစ်အတွင်း နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ နှစ်နိုင်ငံ ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ရေတပ်တွေ ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်ဖို့၊ နည်းပညာ၊ အကြမ်းဖက်မှု ဆန့်ကျင်ရေး၊ လူသားချင်းစာနာတဲ့ အကူအညီပေးရေး နဲ့ ကပ်ဘေးကယ်ဆယ်ရေး စတဲ့ ကိစ္စတွေမှာ စစ်ရေးအရ ပူးပေါင်းဖလှယ် ဆောင်ရွက်ကြဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲအပြီး တရုတ်တပ်မတော် ဒုတိယအကြီးအကဲဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေ အန်တိုနီနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မစ္စတာဝန်က တရုတ်ဟာ အိန္ဒိယနဲ့ လက်တွေ့ကျကျ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်ကြောင်း၊ နိုင်ငံနှစ်ခုအကြား ခြားနားမှုတွေကို သေသေချာချာ ထိန်းကျောင်းဖို့နဲ့ နှစ်ဘက်တပ်တွေအကြား ဆက်ဆံရေးအခြေနေ သစ်တခု ဖြစ်လာအောင် တွန်းအားပေးအောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံဘက်ကတော့ အငြင်းပွားနေတဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းဖို့ သန္နိဋ္ဌာန်ချထားကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အာမခံချက်ရှိဖို နှစ်နိုင်ငံ လက်နက်ကိုင်တပ်တွေ အတူတကွအလုပ်လုပ်ကြဖို့ တောင်းဆိုပါတယ်။ မစ္စတာဝမ်ဟာ အိန္ဒိယ ကြည်းတပ်စစ်ဦးစီးချုပ် အပါအ၀င် တခြား အိန္ဒိယ စစ်ဘက်ဆိုင်ရာ ထိပ်သီး ခေါင်းဆောင်တွေနဲ့ လည်း တွေဆုံခဲ့ပါတယ်။

More News
Up