မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ညောင်ပင်သာအုပ်စု၊ မြောက်ဆည်ရွာမှာ မတ် ၁၁ ရက်က အမျိုးသား ၂ ဦး နဲ့ မိန်းကလေး ၃ ဦး အစာအဆိပ်သင့်ခဲ့ပြီး ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အစာအဆိပ်သင့်သူ ၅ ဦးထဲက ၁၀ တန်းကျောင်းသား တစ်ဦးနဲ့ ၄ နှစ်အရွယ်မိန်းကလေး တစ်ဦး သေဆုံးခဲ့ပြီး ကျန် ၃ ဦးကတော့ ဝမ်းတွင်းဆေးရုံမှာ ဆေးကုသနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲက ထန်းရည်ချို ဝယ်သောက်တာတွေ အများကြီးပဲ။ သူတို့ ၅ ဦးကတော့ မူးဝေအော့အန်ကြတယ်။ ၁၀ တန်းကျောင်းသားနဲ့ ၄ နှစ်အရွယ် ကလေးမလေးတို့ မောင်နှမ ၂ ယောက်ကတော့ ဆေးရုံရောက်တော့ ဆုံးသွားတယ်" လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် သက်ဆိုင်ရာက သေမှုသေခင်းအမှုဖွင့် စုံစမ်းနေပါတယ်။