DVB Logo
Home
မြန်မာသတင်း
ဥပဒေတချို့ ပြောင်းလဲမရအောင် ချုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဟောပြောပွဲပြုလုပ်
DVB
·
February 23, 2014
ဥပဒေတချို့ ပြောင်းလဲမရအောင် ချုပ်ကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဟောပြောပွဲပြုလုပ်
Donate to DVB

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဥပဒေတချို့ ပြောင်းလဲလို့မရအောင် ချုပ်ကိုင်ထားတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဆွေးနွေးဟောပြောပွဲတရပ်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက် မနက် ၉ နာရီကစပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။

[caption id="attachment_52142" align="alignleft" width="648"]ဓာတ်ပုံ - နေမျိုးဇင် ဓာတ်ပုံ - နေမျိုးဇင်[/caption]ဒီပွဲကို လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုက စီစဉ်တာဖြစ်ပြီး ဦးဝင်းချို၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နဲ့ ဦးဝေဠုတို့ ဟောပြောခဲ့ပါတယ်။ ဒီပွဲအတွက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုမိန့် ရရှိထားပါတယ်။

ဒီဟောပြောပွဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကချုပ်ကိုင်ထားတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ပုဒ်မ ၄၃၆ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း ၁ ကနေ ၁၂ အတွင်း သတ်မှတ်ထားတဲ့ ပုဒ်မခွဲတွေကို ပြင်ဆင်ချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံရမှာပါ။ အဲဒီနောက်မှာတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013