DVB Logo
Home
မြန်မာသတင်း
ပထမဆုံးအကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ် စတင်
DVB
·
February 22, 2014
ပထမဆုံးအကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ် စတင်
1 / 2
Donate to DVB

ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက် ကချင်နှစ်ချင်းဇုံနယ်ခန်းမမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပနေပါတယ်။

ကချင်ပြည်နယ်ထဲမှာ မှီတင်းနေထိုင်နေကြတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေကြား အတူတကွ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ရေး၊ ကချင်လူငယ်တွေရဲ့ အသံကို လာမယ့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ဖိုရမ်မှာ တင်ပြနိုင်ရေးတွေအတွက် ခုလို လာရောက်တွေ့ဆုံရတာလို့ ဖိုရမ်ဖြစ်မြောက် ရေးကော်မတီဝင် ပြန်ကြားရေးတာဝန်ခံ ကိုမျိုးဇော်ဦးက ပြောပါတယ်။

10109_724040850950823_1035705624_nဒါ့အပြင် ကချင်ပြည်နယ်ထဲနေ တိုင်းရင်းသားလူငယ်တွေရဲ့ အခက်အခဲနဲ့ အတွေ့အကြုံ တွေဖလှယ်ပြီး ကချင်ပြည်နယ်ဆိုင်ရာ လူငယ်ကွန်ရက်ကိုလည်း ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“လူငယ်များအချင်းချင်း လေးစားနားလည်မှု ပိုမိုမြင့်မားလာစေရန်နဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်နိုင်ရန်၊ ကချင်ပြည်နယ်အရေးသာမက မြန်မာနိုင်ငံအရေးများတွင် လူငယ်များပါဝင်မှု အခန်းကဏ္ဍ ပိုမို မြင့်မားလာစေရန်၊ ကချင်ပြည်နယ်အတွင်း အားကောင်းသော လူငယ်ကွန်ရက်ကို အခြေပြုပြီး နိုင်ငံအတွင်းနဲ့ နိုင်ငံတကာ လူငယ်ကွန်ရက်များ ချိတ်ဆက်ဆောင်ရွက်ရန်၊ ကချင်ပြည်နယ်အတွင်းရှိ လူငယ်များအခွင့်အရေးပိုမို ရရှိရန်၊ ပညာရေး၊ ကျန်းမာရေး အခန်းကဏ္ဍ တိုးတက်လာစေရန်၊ လူငယ်ပေါ်လစီများ ချမှတ်နိုင်စေရန်တို့ ဖြစ်ပါတယ်။”

ကချင်လူငယ်များဖိုရမ်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ ၂ ရက်တာ ကျင်းပသွားဖို့ ရှိပြီး ဒီနှစ်ရက်အတွင်း လူငယ်ဆိုင်ရာ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး စတဲ့ အကြောင်းအရာတွေကို ပညာရှင် ၆ ဦးက လာရောက် ဦးဆောင်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနား၊ ပူတာအို၊ မိုးညှင်း၊ ဗန်းမော် အစရှိတဲ့ ခရိုင် ၄ ခုထဲမှာ မှီတင်းနေထိုင်တဲ့ ဂျိန်းဖော၊ ရ၀မ်၊ လီဆူ၊ ကချင်၊ ရှမ်း၊ မြန်မာ၊ ဂေါ်ရခါး၊ အစ္စလာမ်၊ ဆစ်ခ်(ပန်ချာ)၊ ကရင် အစရှိတဲ့ မျိုးနွယ်စု ကိုယ်စားလှယ်တွေပါ စုစုပေါင်း လူငယ် ၁၅၀ ကျော် တက်ရောက်လာခဲ့တယ်လို့ ကိုမျိုးဇော်ဦးက ပြောပါတယ်။

ဒီကနေ့မနက်ကျင်းပတဲ့ ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်ဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း ကိုယ်တိုင် တက်ရောက် အားပေးစကား ပြောကြားပြီး အလှူငွေ ကျပ် ၁၀ သိန်း ထည့်ဝင်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် လူငယ်များရဲ့ ကောင်းမွန်သော ဆောင်ရွက်ချက်၊ လှုပ်ရှားမှုတွေ လုပ်ဆောင်မယ်ဆိုရင် လာရောက်တိုင်ပင် အကြောင်းကြားနိုင်ပြီး ကချင်ပြည်နယ်အစိုးရ အနေနဲ့ လူငယ်တွေကို ပံ့ပိုးကူညီပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း ကိုမျိုးဇော်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များဖိုရမ်ကို လာမယ့် မတ်လကျရင် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ ရှိနေပါတယ်။ အဲဒီ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကနေ အရှေ့တောင် အာရှလူငယ်များဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့ ကိုယ်စားလှယ်ရွေးချယ်ကြဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013