သမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့မည်
DVB
·
February 21, 2014
ဖေဖော်ဝါရီ ၂၂ ရက် စနေနေ့ မနက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်ဟာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးခန်းမဆောင်မှာ တွေ့ဆုံမယ်လို့ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။
[caption id="attachment_27566" align="alignleft" width="220"] သမ္မတ ဦးသိန်းစိန်[/caption]တွေ့ဆုံပွဲကို UMFCCI ညီနောင် အသင်းအဖွဲ့တွေက စီးပွားရေးလုပ်ငန်းရှင် ၃၅၀ ကျော်နဲ့ အခြားစီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေဘက်က လိုအပ်ချက်တွေကို တင်ပြဖို့လည်း စီစဉ် ထားတယ်လို့ ကျောက်မျက်လုပ်ငန်းရှင်တယောက်ကလည်း ဒီဗွီဘီကို ပြောပါတယ်။