မီဒီယာဥပဒေကြမ်း သုံးပွင့်ဆိုင် ဆွေးနွေး၊ ရလဒ်ကောင်းဟုဆို

လွှတ်တော်ထဲ သဘောထားကွဲနေတဲ့ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်၊ စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးတို့ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြပါတယ်။ 298412-newsstand-in-myanmarဖေဖော်ဝါရီလ ၁၉ ရက်က လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ရလဒ်ကောင်းတယ်လို့ စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။ စာနယ်ဇင်းကောင်စီကတင်တဲ့ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား သဘောထားကွဲနေတဲ့အချက် ၁၀ ချက်လောက် ရှိတယ်လို့ သိရပါတယ်။

//
More News
Up