Home
သတင်းတို
မြို့နယ်တခုချင်းအလိုက် အခွန်တိမ်းရှောင်သူများကို စစ်မည်
DVB
·
February 20, 2014
လာမယ့်နှစ်ကစပြီး အခွန်ရှောင်သူတွေနဲ့ အခွန်လွတ်သွားသူတွေကို မြို့နယ် တခုချင်းစီအလိုက် စနစ်တကျ ရှာဖွေပြီး နောက်ကြောင်းပြန် အခွန်စည်းကြပ်တာ၊ ဒဏ်ရိုက်တာနဲ့ မရရင် ဥပဒေအရ အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာလင်းအောင်က ပြောပါတယ်။ tax pဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အောက်ခြေ တမြို့နယ်ချင်းစီမှာ အခွန်ထမ်း စာရင်းကို ကြေညာသွားဖို့ ရှိပြီး လက်ရှိလုပ်ငန်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ် မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ၀င်ငွေခွန်ဆောင်သူ ၄ သိန်း ၆ သောင်းကျော်နဲ့ ကုန်သွယ်လုပ်ငန်းခွန်ဆောင်သူ ၂ သိန်းကျော် ရှိနေတယ်လို့ ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024