3 MDG က မိခင်နှင့်ကလေး ကျန်းမာရေးအတွက် ဒေါ်လာ သန်း ၂၀၀ အသုံးပြုမည်
DVB
·
February 20, 2014
ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ၃ မျိုး ရန်ပုံငွေအဖွဲ့ (3 MDG) က မြန်မာနိုင်ငံအတွင်း မိခင်နဲ့ ကလေးငယ်တွေ ကျန်းမာရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အသုံးပြုသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရှိ မြို့နယ် ၄၂ ခုတွင် မိခင်၊ မွေးကင်းစကလေးနဲ့ ကလေးတွေရဲ့ ကျန်းမာရေးအတွက် မြို့နယ်ပေါင်း ၁၀၂ ခုမှာ စစ်တမ်းပြုလုပ်ဖို့ ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်နေပြီး အဆိုပါ လုပ်ငန်းတွေကို 3MDG နဲ့ GAVI တို့က ထောက်ပံ့ ကူညီသွားမှာပါ။
ကျန်းမာရေးစစ်တမ်းအတွက် ရန်ပုံငွေထဲမှာ ၁ ရာခိုင်နှုန်း အသုံးပြုပြီး မိခင်နဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၁၉၈ သန်းကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။