DVB Logo
Home
မြန်မာသတင်း
အလုပ်သမားခေါင်းဆောင် ၆ ဦး အလုပ်ထုတ်ခံရမှု မျှတစွာဖြေရှင်းပေးရန် တောင်းဆို
DVB
·
February 19, 2014
အလုပ်သမားခေါင်းဆောင် ၆ ဦး အလုပ်ထုတ်ခံရမှု မျှတစွာဖြေရှင်းပေးရန် တောင်းဆို
1 / 2
Donate to DVB

အလုပ်သမားသမဂ္ဂ အလုပ်အမှုဆောင် ၆ ဦး အလုပ်ထုတ်ခံရတဲ့အပေါ် အလုပ်ရှင်အနေနဲ့ ဥပဒေနဲ့အညီ မှန်ကန်မျှတစွာ ဖြေရှင်းပေးဖို့ အလုပ်ထုတ်ခံရသူတွေက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_51948" align="alignright" width="211"]ကုမ္ပဏီမှ ၀န်ထမ်းလျော့ချကြောင်း ထုတ်ပြန်စာ ကုမ္ပဏီမှ ၀န်ထမ်းလျော့ချကြောင်း ထုတ်ပြန်စာ[/caption]ရန်ကုန်မြို့ တာမွေမြို့နယ် သမိန်ဗရမ်းလမ်းရှိ မြန်မာ့ဟေမန် ကုမ္ပဏီက လစာငွေပေးချေဖို့ အခက်အခဲရှိလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုပ်ပြ ပန်းချီအခြေခံ အလုပ်သမားသမဂ္ဂ အလုပ်အမှုဆောင် ၆ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အလုပ်ကနေ ထုတ်ပစ်လိုက်တာပါ။

ဒါနဲ့ ပတ်သက်ပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂ အမှုဆောင် ၆ ဦးက ဒီနေ့ တာမွေမြို့နယ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး တရားမျှတစွာ ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တာပါ။

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂ အမှုဆောင် ကိုကျော်ဇေယျက “ဒီအလုပ်ရှင် အလုပ်သမား ညှိနှိုင်းမှု ပြေလည်စေရေးပေါ့ဗျာ။ အလုပ်သမားတွေလည်း မတရားအခိုင်း မခံရအောင်၊ အလုပ်ရှင်တွေလည်း မတရားမဖြစ်အောင် မှန်ကန်မျှတ ဥပဒေနဲ့ အညီ လုပ်တဲ့ ဆုံးဖြတ်ချက်မျိုးပဲ လိုချင်တယ်” လို့ ပြောပါတယ်။

ရုပ်ပြ ပန်းချီအခြေခံ အလုပ်သမားသမဂ္ဂဖွဲ့အဖွဲ့ကို ၂၀၁၂ ခုနှစ်က ထူထောင်ခဲ့တာဖြစ်ပြီး အလုပ်သမား အခွင့်အရေးတွေအတွက် တောင်းဆိုတာကို အလုပ်ရှင်က မကျေနပ်လို့ အခုလို အလုပ်က ထုတ်လိုက်တာလို့ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(ယာယီ) ဥက္ကဋ္ဌ ဦးအောင်လွင်က အခုလို ပြောပါတယ်။

“အကြောင်းပြချက်က ခိုင်မာမှု မရှိဘူးဗျ။ ဒီပုဂ္ဂိုလ်တွေက အလုပ်သမားသမဂ္ဂ ထူထောင်ပြီးတော့ အခြားအလုပ်သမားအရေးတွေလည်း ဆောင်ရွက်တယ်။ နောက်ပြီးတော့ သူတို့ သမဂ္ဂရဲ့ အလုပ်သမားအခွင့်အရေး ၁၂ ချက်ကိုလည်း သူတို့ ၂၀၁၂ ခုနှစ်ကတည်းက တောင်းဆိုခဲ့တယ်။ အလုပ်သမားအခွင့်အရေး ၁၂ ချက်ထဲမှာ အခြေခံအလုပ်ချိန်ပါတယ်။ လစာ ပြဿနာတွေ ပါတယ်။ နောက် လုပ်ငန်းရှင်နဲ့ အလုပ်သမား ဆက်ဆံရေးပေါ့။ အဓိက ကတော့ နိုင်ငံခြားသားကိုရီးယားတွေ ၀င်ရောက် စွက်ဖက်တဲ့ ကိစ္စတွေ ရှိတယ်။ ဒါတွေကို မြန်မာယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့အချက်တွေ ပြုလုပ်ပြောင်းလဲရေးအတွက် သွားတဲ့အတွက်ကို ၂၀၁၂ ခုနှစ်က မြို့နယ် ဖြန်ဖြေရေး အဆင့်အထိ တက်တိုင်ကြားပြီး အလုပ်ရှင် အလုပ်သမား သဘောတူညီချက် ၁၁ ပါ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ ချုပ်နိုင်ပြီးနောက်ပိုင်း ဒီ အလုပ်သမား အခွင့်အရေး ၁၁ ချက် ပေးလိုက်ရတယ်။ မကျေနပ်ဘူးဗျ။ မကျေနပ်တော့ တောက်လျှောက်သူတို့ကို အစဉ်တစိုက် ပြဿနာရှာတော့ ဒီအမှုတွေကို စာချုပ်ဖောက်ဖျက်မှုနဲ့ ပြန်တိုင်ရင်း တိုင်ရင်းနဲ့ တောက်လျှောက် ၁ နှစ်ပတ်လုံး ဖြစ်ခဲ့တာ။ အခုလက်ရှိအချိန်က တဖွဲ့လုံး အပြတ်ရှင်းတဲ့ သဘောပေါ့။”

မြန်မာ့ဟေမန် ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၈၀ ရှိပြီး ကိုရီးယား ဇာတ်လမ်း ရုပ်ပြပန်းချီတွေကို မြန်မာပြည်ကနေ ဆွဲပေးပြီး ကိုရီးယားကို ပို့ဆောင်တဲ့ လုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီ တခုဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013