
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ အိုးထိန်းတောင်ကျေးရွာအနီး၊ ရန်ကုန် - မန္တလေးကားလမ်းဘေးရှိ Denko စက်သုံးဆီဆိုင်မှာ ဖေဖော်ဝါရီလ ၂၇ ရက် ည ၇ နာရီဝန်းကျင်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဆီဆိုင်အတွင်း အမည်မသိ လူအုပ်က ဆိုင်ကယ်ဆီဖြည့်တဲ့ပုံစံ ရောက်လာပြီး သေနတ်နဲ့ ပစ်တာ၊ လက်လုပ်မိုင်းပစ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။
“နည်းနည်းဝေးတော့ မနက်မှ သိရတာ။ Denko ဆီဆိုင်မှာ ဖြစ်သွားတာ။ မန်နေဂျာရုံးခန်းကို သေနတ်နဲ့ ပစ်သွားပြီး လက်လုပ်မိုင်းချပြေးသွားတယ်လို့တော့ သိရတယ်။ အထိအခိုက်မရှိတော့ သိပေးရုံလုပ်တာလား မသိဘူး” လို့ စဉ့်ကိုင်မြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက် မနက်ပိုင်းမှာတော့ မြစ်ငယ် ထုံးဘိုဂိတ်မှာ စဉ့်ကိုင် ဘက်မှလာတဲ့ ယာဉ်တွေကို စစ်ကောင်စီတပ်သား အင်အားအလုံးအရင်းနဲ့ စစ်ဆေးနေပါတယ်။