ကမ္ဘာကျော် ဥပဒေအကျိုးဆောင်ကုမ္ပဏီ ရန်ကုန်တွင် ရုံးခန်းဖွင့်

759
ကမ္ဘာကျော် ဥပဒေအကျိုးဆောင်လုပ်ငန်းဖြစ်တဲ့ ဘေကာနဲ့ မက္ကင်ဇီကုမ္ပဏီဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆာကူရာတာဝါမှာ ရုံးခန်း ဖွင့်လှစ်လိုက်ပြီလို့ ဘလွန်းဘတ်သတင်း ဖော်ပြချက်အရ သိရပါတယ်။
ရန်ကုန်ရုံးခွဲဟာ မက်ကင်စီကုမ္ပဏီရဲ့ အာရှနဲ့ ပစိဖိတ်ဒေသရဲ့ ၁၆ ခုမြောက် ရုံးဖြစ်ပြီး ကမ္ဘာတ၀ှမ်း ၇၅ နိုင်ငံမြောက်အဖြစ် မြန်မာနိုင်ငံမှာ လာရောက် ဖွင့်လှစ်တာ ဖြစ်ပါတယ်။
မက္ကဇင် ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို ဥပဒေကြောင်းအရ အကြံပေးတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအကြား ဖက်စပ် လုပ်ငန်း လုပ်ကိုင်ရာမှာ စာချုပ်ချုပ်ဖို့၊ သဘောတူညီချက်တွေလုပ်ဖို့ ကိစ္စတွေမှာ အကူအညီ ပေးမယ်လို့ သိရပါတယ်။