DVB Logo
Home
မြန်မာသတင်း
ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ် ကုမ္ပဏီများ မြန်မာစစ်တပ်အတွက် ဝင်ငွေပံ့ပိုးပေးနေ
DVB
·
February 25, 2022
ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဗီယက်နမ် ကုမ္ပဏီများ  မြန်မာစစ်တပ်အတွက် ဝင်ငွေပံ့ပိုးပေးနေ
Donate to DVB

ကမ္ဘောဒီးယားစီးပွားရေးသမားတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ခြံမြေလုပ်ငန်းမှာ  ရင်းနှီးမြှုပ်နှံခြင်းဖြင့် မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်သည့်ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတယ်လို့  Justice For Myanmar အဖွဲ့က  ဖေဖော်ဝါရီ ၂၅ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်အတွက် ပံ့ပိုးမှုတွေပေးအပ်ခဲ့ကြတဲ့ အရှေ့တောင်အာရှဒေသရှိ အစိုးရတွေနဲ့ ကုမ္ပဏီတွေကို  Justice For Myanmar ရဲ့ စစ်ရာဇဝတ်ဂိုဏ်းငွေကြေးမြေပုံ၊ ကဏ္ဍသစ်မှာ  ထည့်သွင်းဖော်ပြလိုက်တာပါ။ 

ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားတဲ့ တရုတ်နိုင်ငံမှ ဝရမ်းပြေး She Zhi Jiang ဟာ ကရင်ပြည်နယ်  ရွှေကုက္ကိုလ်ရှိ ကြီးမားတဲ့ အိမ်ခြံမြေလုပ်ငန်း၊ ကာစီနိုနဲ့ ဖျော်ဖြေရေးသီးသန့်နေရာ  မြို့သစ်စီမံကိန်းတခုကို ထိန်းချုပ်ထားတဲ့ အဓိကရင်းနှီးမြှုပ်နှံသူဖြစ်တယ်လို့ Justice For Myanmar  ကဆိုပါတယ်။ 

ဒီစီမံကိန်းက မြန်မာစစ်တပ်ကွပ်ကဲမှုအောက်ရှိ ပြည်သူ့စစ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နဲ့ Myanmar Yatai International Holding Co.Ltd တို့ ဖက်စပ်လုပ်ငန်းတစ်ရပ်အဖြစ် တည်ဆောက်နေတာဖြစ်ပြီး ဒီစီမံကိန်းဟာ အုပ်စုဖွဲ့ ရာဇဝတ်မှုများ၊ မြေယာသိမ်းဆည်းမှုတွေနဲ့ ဆက်နွှယ်နေကာ မြန်မာစစ်တပ်နဲ့ မိတ်ဖက်တွေအတွက် အကျိုးအမြတ်များတဲ့ အခွန်ဝင်ငွေ ရင်းမြစ်တစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်။

တခါ ထိုင်းအစိုးရက ရှယ်ယာအများစုပါဝင်တဲ့ ထိုင်းကုမ္ပဏီ PTT Public ကုမ္ပဏီလီမိတက်၏ကုမ္ပဏီခွဲက မြန်မာနိုင်ငံအတွင်းရှိ ဓာတ်ငွေ့ရှာဖွေထုတ်ယူရေး စီမံကိန်းအများအပြားမှာ လုပ်ငန်းဆောင်ရွက်သူနှင့် ရင်းနှီးမြှုပ်နှံသူအနေနဲ့ ရှိနေပါတယ်။ ဒီဓာတ်ငွေ့စီမံကိန်းတွေရဲ့ ဝင်ငွေက လုပ်ငန်းတခုကိုပင် အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် ရရှိပြီး အဆိုပါဘဏ္ဍာငွေတွေဟာ အခုအခါမှာတော့ အကြမ်းဖက်စစ်ကောင်စီဆီ စီးဆင်းဝင်ရောက် နေတာပါ။

အလားတူ ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Viettel Global ဟာ အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းစုကြီးနဲ့အတူ မိုင်တဲလ် အမည်ရှိ မိုဘိုင်းဖုန်းဆက်သွယ်ရေးကုမ္ပဏီကို တည်ထောင်ပြီး ပူးတွဲ ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါကြောင့် မိုင်တဲလ်ဆက်သွယ်ရေးကုမ္ပဏီဟာ မြန်မာစစ်တပ်အတွက် အရေးပါတဲ့ အခွန်ဝင်ငွေရင်းမြစ်တရပ်ကို ရရှိစေပြီး အကြမ်းဖက်စစ်တပ်အတွက် အခွန်ဝင်ငွေနဲ့ နည်းပညာဆိုင်ရာ အဓိကရင်းမြစ်တခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် တရားမဝင် စစ်ကောင်စီနဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းတွေထံ ငွေပေးချေမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းပေးဖို့နဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေမှ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စဉ်ဆက်မပြတ် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ဆောင်ကြဖို့လိုအပ်ပြီး မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်တွေအတွက် အခွန်ငွေရင်းမြစ်ပေးဆောင်ခြင်း မပြုကြဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။ 

ဒီ့အပြင် အာဆီယံနဲ့မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂ အပါအဝင်တခြားနိုင်ငံတွေကလည်း တရားမဝင်စစ်ကောင်စီရဲ့ စီပွားရေး လုပ်ငန်းတွေနဲ့ မိတ်ဖက်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ငွေကြေးဆက်လက်ထောက်ပံ့တာမလုပ်ဖို့  တိုက်တွန်းထားပါတယ်။

Photo- Justice For Myanmar 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013