DVB Logo
Home
မြန်မာသတင်း
ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က မြန်မာစစ်တပ်ကို စစ်လက်နက်များ ထောက်ပံ့ပေးနေ
DVB
·
February 25, 2022
ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့က  မြန်မာစစ်တပ်ကို စစ်လက်နက်များ ထောက်ပံ့ပေးနေ
Donate to DVB

အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့က မြန်မာအာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်တွေ ထောက်ပံ့ပေးနေတာကြောင့် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါနိုင်ငံတွေဖြစ်တယ်လို့ Justice For Myanmar က ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Justice For Myanmar ရဲ့ စုံစမ်းဖော်ထုတ်တွေ့ရှိချက်အရ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေး စတင်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ဖိလစ်ပိုင်နိုင်ငံမှ စစ်လက်နက်ထုတ်လုပ်သူ United Defense Manufacturing Corporation (UDMC) က ၄၅၀ ကီလိုရှိ စစ်လက်နက်တွေကို  မြန်မာနိုင်ငံဆီ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါလက်နက်တွေ ရောင်းချမှုမတိုင်မီမှာ ဖိလစ်ပိုင်နိုင်ငံမှ စစ်လက်နက်ထုတ်လုပ်သူ UDMC က နည်းပညာ လွှဲပြောင်းမှုတွေ ပေးအပ်ခဲ့တဲ့အပြင် စစ်လက်နက်ထုတ်လုပ်ရေးမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေးဆက်ဆံမှုတရပ် ထူထောင်ဖို့အတွက်လည်း နှစ်ပေါင်းများစွာကတည်းက လုပ်ဆောင်ခဲ့တာတွေ့ရတယ်လို့ ဖော်ထုတ်ထားပါတယ်။

အလားတူ အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ PT. Pindad ကလည်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံဆီ ကျည်ဆန်တွေ တင်ပို့ခဲ့တာရှိပါတယ်။ ဒီ့အပြင် PT. Pindad  မြန်မာစစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဝင်းရှိန်ရဲ့ သားဖြစ်သူ ထူးထူးရှိန်ဦး ပိုင်ဆိုင်တဲ့ စစ်လက်နက်ပွဲစားကုမ္ပဏီ True North ကုမ္ပဏီနဲ့  အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ PT. Pindad တို့အကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် တရပ်ရရှိထားပါတယ်။

ဒါကြောင့် တရားမဝင် စစ်ကောင်စီနဲ့ သူတို့ရဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းတွေထံ ငွေပေးချေမှုအားလုံးကို ချက်ချင်း ရပ်ဆိုင်းပေးဖို့နဲ့  အာဆီယံဒေသတွင်းနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း စဉ်ဆက်မပြတ် လူ့အခွင့်အရေး ဆိုင်ရာလိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ဆောင်ကြဖို့လိုအပ်ပြီး မြန်မာစစ်ကောင်စီနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အခွန်ငွေရင်းမြစ်ပေးဆောင်တာ မပြုကြဖို့ Justice For Myanmar က အာဆီယံနိုင်ငံတွေရဲ့ အစိုးရတွေကို တောင်းဆိုလိုက်ပါတယ်။

အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂ အပါအဝင် တခြားသောနိုင်ငံတွေအနေနဲ့  တရားမဝင်စစ်ကောင်စီရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ မိတ်ဖက်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လိုတဲ့အပြင် အကြမ်းဖက်စစ်တပ်ကို ငွေကြေးဆက်လက်ထောက်ပံ့ခြင်းမရှိစေဖို့ အာဆီယံဒေသတွင်းမှအစိုးရအသီးသီးကို ဖိအားပေးကြဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။

အလားတူ အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံဟာလည်း မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းအတွက် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုပေးနေပြီး  မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတယ်လို့ Justice For Myanmar က မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

Photo- Justice For Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013