DVB Logo
Home
မြန်မာသတင်း
နေပြည်တော်မြို့တော်ဝန် အဂတိလိုက်စားမှုမရှိဟု စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် သက်သေထွက်ဆို
DVB
·
February 23, 2022
နေပြည်တော်မြို့တော်ဝန် အဂတိလိုက်စားမှုမရှိဟု စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ် သက်သေထွက်ဆို
Donate to DVB

နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို  စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အဂတိအမှုမှာ  မိမိသဘောနဲ့ ငွေကြေးလှူဒါန်းခဲ့တာသာ ဖြစ်တယ်လို့   စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။  

၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေအတွက် အလှူငွေလက်ခံခဲ့တာနဲ့ပတ်သက်ပြီး နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က တရားစွဲထားတဲ့အမှုကို နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီကနေ့ ဆက်လက်စစ်ဆေးရာမှာ ထွက်ဆိုခဲ့တာပါ။

ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီကတင်သွင်းထားတဲ့ တရားလိုပြသက်သေ ၂ ယောက်ကို ဆက်လက်စစ်ဆေးခဲ့ပြီ အဲ့ဒီအထဲက စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ကိုယ့်သဘောနဲ့ကိုယ် ငွေကြေးလှူဒါန်းခဲ့တာသာဖြစ်ကြောင်း  ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

"ဒီနေ့တရားလိုပြသက် ၂ ယောက်လာ ထွက်တယ်။ မောင်ဝိတ်လည်းပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် လှူတာလို့ ပြောသွားတယ်" လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်ကပြောပါတယ်။

ဒေါက်တာမျိုးအောင်ဟာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေ အတွက် အလှူငွေကျပ်  သိန်း ၁၁၀ ကို စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက လက်ခံရယူပြီး ရွေးကောက်ပွဲဝင်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေ အတွက် အသုံးပြုခဲ့တာပါ။

နေပြည်တော်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁၁ ယောက်အတွက် တစ်ယောက် ကျပ် ၁၀ သိန်းနှုန်းနဲ့ ဒေါက်တာမျိုးအောင်က ပြန်လည်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒေါက်တာမျိုးအောင်ဟာ အဂတိလိုက်စားမှုကျူးလွန်ခဲ့တယ်ဆိုပြီး ၂၀၂၁ ဩဂုတ်လ ၁၈ ရက်နေ့က စွပ်စွဲ အမှုဖွင့် တရားစွဲခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို  စစ်ကောင်စီတရားရုံးက ပုဒ်မ  ၅၀၅(ခ)အမှုအတွက်လည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ကိုလည်း စစ်ကောင်စီက ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုနဲ့ စွပ်စွဲထားပြီး နိုင်ငံ့ခေါင်းဆောင်တွေဟာ တိုင်းနဲ့ပြည်နယ်အစိုးရဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013