DVB Logo
Home
မြန်မာသတင်း
အမ်အေအိုင်လေကြောင်း ဂျပန်နိုင်ငံ အဓိကလေဆိပ်ကြီး ၂ ခုကို ပုံမှန်ပျံသန်းတော့မည်
DVB
·
February 18, 2014
အမ်အေအိုင်လေကြောင်း ဂျပန်နိုင်ငံ အဓိကလေဆိပ်ကြီး ၂ ခုကို ပုံမှန်ပျံသန်းတော့မည်
Donate to DVB

အမ်အေအိုင်လေကြောင်းလိုင်းက ရန်ကုန်- တိုကျို နာရီတာခရီးစဉ် နဲ့ ရန်ကုန်-အီဘရာကီခရီးစဉ်တွေကို ပုံမှန်ခရီးစဉ် schedule တခုအနေနဲ့ လာမည့် ဇွန်လကစပြီး ပျံသန်းသွားဖို့အတွက် ဂျပန်နိုင်ငံအခြေစိုက် ဟာမာ(HAMA) ကုမ္ပဏီနဲ့ လက်မှတ် ရေးထိုးလိုက်တယ်လို့ အမ်အေအိုင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

mai1အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (အမ်အေအိုင်) အနေနဲ့ ဂျပန်ခရီးစဉ်ကို စင်းလုံးငှား charter ခရီးစဉ်အနေနဲ့ ၂၀၁၃ ခုနှစ်ကတည်းက စပြီး ပျံသန်းပေးတာမျိုး ရှိပေမယ့် ပုံမှန်ခရီးစဉ်အနေနဲ့ ပျံသန်းတာမျိုး မရှိသေးပါဘူး။

မြန်မာ-ဂျပန် ခရီးစဉ်မှာ ပုံမှန်ခရီးစဉ်တခုအနေနဲ့ ပျံသန်းသွားဖို့ ဂျပန်နိုင်ငံအခြေစိုက် ဟာမာကုမ္ပဏီလီမိတက်နဲ့ အမ်အေအိုင်တို့အကြားမှာ သဘောတူ နားလည်မှုစာချွန်လွှာကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမ်အေအိုင် ရုံးချုပ်မှာ နားလည်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တာပါ။

ဒီစာချုပ်အရ အမ်အေအိုင်လေကြောင်းက ဂျပန်နိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ဖို့အတွက် ဂျပန် ဟာမာကုမ္ပဏီနဲ့  joint venture ကုမ္ပဏီတခု တည်ထောင်ပြီး လုပ်ဆောင်သွားမယ်လို့ အမ်အေအိုင်လေကြောင်း ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာက ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်ခရီးသည်တွေ မြန်မာနိုင်ငံ လာရောက်လည်ပတ်ဖို့ ဂျပန် ဟာမာကုမ္ပဏီက စင်းလုံးငှားခရီးစဉ်အနေနဲ့  လာရောက်ငှားရမ်းမှုတွေရှိလို့  ဂျပန် ဟာမာကုမ္ပဏီနဲ့ အမ်အေအိုင် လေကြောင်းလိုင်းအကြားမှာ ဆက်ဆံရေးက အရင်ကတည်းက ရှိပြီးသား ဖြစ်ပါတယ်။

ဒီ့အပြင် အမ်အေအိုင်က ပျံသန်းပေးတော့မယ့် တိုကျို နာရီတာလေဆိပ်နဲ့ အီဘရာကီလေဆိပ်တွေက ဂျပန်နိုင်ငံရဲ့ အဓိက လေဆိပ်ကြီး ၂ ခု ဖြစ်ပြီး  အဲယားဘတ်စ်လေယာဉ်တွေနဲ့ ရန်ကုန် ကနေ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂါယာ၊ ဖနွမ်းပင် နဲ့ စီရမ်ရိမြို့တွေကို ပုံမှန် ခရီးစဉ်အနေနဲ့ ပျံသန်းပေးနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်-တိုကျို လေကြောင်းခရီးစဉ်ကို ဂျပန်လေကြောင်းလိုင်းဖြစ်တဲ့ All Nippon Airline (အေအန်အေ)က လက်ရှိ ပျံသန်းပေးနေပေမယ့် ပုံမှန်ပျံသန်းတာမျိုး မရှိပါဘူး။ ဒါကလည်း ရန်ကုန်ကနေ တိုကျို သွားတဲ့ခရီးသည်က နည်းတဲ့အတွက် ပုံမှန် ပျံသန်းပေးနိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် အမ်အေအိုင်လေကြောင်းလိုင်းအနေနဲ့ ဒီခရီးစဉ်တွေကို ပျံသန်းပေးမယ်ဆိုတာက ဂျပန်ခရီးသည်တွေကိုသာ အဓိကထားပြီး ပို့ဆောင်တာလို့ ရန်ကုန်အခြေစိုက် နိုင်ငံတကာ လေယာဉ်လက်မှတ်အရောင်း အေဂျင့်စီတခုက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေက ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အမျှ ပြည်တွင်းမှာ ရှိတဲ့ လေကြောင်းကုမ္ပဏီတွေဟာ အကြီးစားလေယာဉ်တွေကို ဝယ်ယူပြီး နိုင်ငံတကာ ခရီးလိုင်းသစ်တွေကို ဖွင့်လှစ်ခဲ့ပါတယ်။

အမ်အေအိုင်ကုမ္ပဏီအပြင်၊ ပုဂ္ဂလိကလေကြောင်းကုမ္ပဏီ ဖြစ်တဲ့ ပုဂံလေကြောင်းကုမ္ပဏီနဲ့ မန္တလးလေကြောင်းကုမ္ပဏီတွေကလည်း အကြီးစားလေယာဉ်တွေကို အသုံးပြုပြီး နိုင်ငံတကာ ခရီးလိုင်းသစ်တွေကို ဖွင့်လှစ်ထားပါတယ်။

ဦးသိန်းစိန်အစိုးရအဖွဲ့သစ် အာဏာရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေ လျင်မြန်စွာ တိုးတက်များပြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံရောက် နိုင်ငံခြားခရီးသည်ဦးရေဟာ ၂ သန်းကျော်ရှိတဲ့ အနက် ထိုင်းခရီးသည်ဦးရေဟာ ၁ သိန်း ၄ သောင်း ရှိလို့ အများဆုံး ၀င်ရောက်မှု ရှိခဲ့တာပါ။ သူ့နောက် မှာတော့ တရုတ်နဲ့ ဂျပန်နိုင်ငံတွေရဲ့ ခရီးသည်ဝင်ရောက်မှုဦးရေက ဒုတိယနဲ့ တတိယအဆင့်မှာ ရပ်တည်ပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013