DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားမျိုးနွယ်စု အတိအကျသတ်မှတ်ပြီးမှ သန်းခေါင်စာရင်းကောက်ရန် တောင်းဆို
DVB
·
February 18, 2014
တိုင်းရင်းသားမျိုးနွယ်စု အတိအကျသတ်မှတ်ပြီးမှ သန်းခေါင်စာရင်းကောက်ရန် တောင်းဆို
Donate to DVB

တိုင်းရင်းသားမျိုးနွယ်စုအရေအတွက် တိကျမှန်ကန်စွာ သက်မှတ်ပြီးမှ သန်းခေါင်စာရင်း ကောက်ယူဖို့ တိုင်းရင်းသားအဖွဲ့တွေက အစိုးရကို တောင်းဆိုလိုက်ကြပါတယ်။

[caption id="attachment_51851" align="alignright" width="300"]1959336_499445470165095_2107428697_n copy ဓာတ်ပုံ - ဖိုးဇော် (ထားဝယ်)[/caption]

ဗဟိုသန်းခေါင်စာရင်းကော်မတီက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှ သာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရန်ကုန်မြို့ရှိ တိုင်းရင်းသားအဖွဲ့အစည်းတွေ မနေ့က ဆွေးနွေးညှိနှိုင်းပြီး ပါတီတွေ၊ ကွန်ရက်တွေနဲ့ အန်ဂျီအိုတွေပါဝင်တဲ့ အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ကြေညာချက် ထုတ်လိုက်တာပါ။

တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်ဘဲ ဆက်လက် ကောက်ခံ သွားမယ်ဆိုရင် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ခံမှုကို တားဆီးသွားမယ်လို့ ကချင်ကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာက ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ကောက်မဲ့သန်းခေါင်စာရင်းမှာ တိုင်းရင်းသား ၁၃၅ မျိုးခွဲထားပြီး တိုင်းရင်းသားတခုချင်းမှာ ပါတဲ့ လူမျိုးစုတွေ ကွဲလွဲမှု ရှိနေတယ်လို့ ချင်းအမျိုးသား ကော်မတီညှိနှိုင်းရေးမှူး ဆလိုင်းအိုင်းဇက်ခင်က ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ကောက်မယ့် သန်းခေါင်စာရင်းဟာ တိုင်းရင်းသားအများစုကို ထိခိုက်နေတဲ့အတွက် နိုင်ငံတကာအလှူရှင်တွေကိုလည်း ထောက်ပြကန့်ကွက်သွားမယ်လို့ ကရင်အမျိုးသမီးများဖွံ့ဖြိုးရေးအဖွဲ့ဝင် ဒေါ်ဆူစန်နာလှလှစိုးက ပြောပါတယ်။

မေးခွန်း ၄၁ ခုပါတဲ့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ် ၃၀ ရက်နေ့ကစတင်ပြီး ဧပြီ ၁၀ ရက်နေ့အထိ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

အဲဒီ လူဦးရေစာရင်းကောက်ခံမှုဟာ နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲမှုကိစ္စရပ်တွေမှာ မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းဆောင်ရွက်ရာမှာ အခြေခံအချက်အလက်တွေ ရရှိမယ်လို့ ဗဟိုသန်းခေါင်စာရင်းကော်မတီက ထုတ်ပြန်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013