မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၆၈ လမ်း နဲ့ ၁၀၅လမ်းရှိ မန္တလေးတိုင်း ဥပဒေချုပ်ရုံးအနီးမှာ ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၅ နာရီကျော်က လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
မန္တလေးတိုင်း ဥပဒေချုပ်ရုံးဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဖွင့်ပေးခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံး သုံးလုံးဆင့်ပေါက်ခဲ့ပြီး အဆောက်အဦ အမိုးတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။