DVB Logo
Home
မြန်မာသတင်း
ဦးအုန်းမြင့် နုတ်ထွက်ပေးရေး ဆန္ဒပြရန် ကြိုးစားသူကို ရဲက တားမြစ်
DVB
·
February 17, 2014
ဦးအုန်းမြင့် နုတ်ထွက်ပေးရေး ဆန္ဒပြရန် ကြိုးစားသူကို ရဲက တားမြစ်
1 / 2
Donate to DVB

ဝန်ကြီးဦးအုန်းမြင့် နုတ်ထွက်ပေးရေး မန္တလေးမြို့မှာ တကိုယ်တော် ဆန္ဒပြဖို့ ကြိုးစားတဲ့ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပါတယ်။

u aye thein1 copyပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ဖြုတ်ချပေးရေး၊ ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်ပေးရေး ဖေဖော်ဝါရီ ၁၆ ရက်နေ့က မန္တလေးမြို့မှာ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြဖို့ ကြိုးစားနေတဲ့ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့တဲ့အတွက် ဆန္ဒပြတာကို ဖျက်သိမ်းလိုက်ရပါတယ်။

တကိုယ်တော် ဆန္ဒပြသူ ဦးအေးသိန်းက “ရဲတပ်ဖွဲ့ဝင်တွေက ခွင့်ပြုချက်မကျလို့ဆိုပြီး မေတ္တာရပ်ခံကြတယ်။ ကျနော်ကလည်း တ၀က်တပျက်နဲ့ သိမ်းလိုက်ရတယ်။ ကျနော်ကပြောတယ် ရဲမှူးကြီးကို၊ ခင်ဗျားတို့ အမှုဖွင့်ရင်လည်း ဖွင့်၊ ဖမ်းရင်လည်း လိုက်မယ်၊ အဆင်သင့်ပဲလို့ ပြောတယ်။ ဒီကိစ္စကတော့ ကျနော်လုံးလုံး မကျေနပ်ဘူး၊ ပြည်သူကို စော်ကားတဲ့ ၀န်ကြီး ဦးအုန်းမြင့်ကို ဖြုတ်ချပေး၊ ဖြုတ်ပြီးရင်လည်း ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာတဲ့အတွက် ပုဒ်မ ၂၉၄၊ ပြည်သူကို ခြိမ်းခြောက်တဲ့အတွက် ပုဒ်မ ၅၀၆ တို့နဲ့ သက်ဆိုင်ရာ တရားရုံးတွေမှာ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

တကိုယ်တော် ဆန္ဒပြခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်ရဲ့ ခွင့်ပြုချက် တောင်းဆိုထားခဲ့ပေမယ့် ခွင့်ပြုမိန့် မရခဲ့ပါဘူး။

u aye thein copyဒါပေမယ့် ကိုအေးသိန်းက တကိုယ်တော် ဆန္ဒဖော်ထုတ်ဖို့ ၂၆ လမ်း နာရီစင်ကနေ အိမ်တော်ရာဘုရားအထိ လမ်းလျှောက်ဖို စီစဉ်ထားပေမယ့် ခွင့်ပြုမိန့်မရလို့ မြို့တော် ဥယျာဉ်နားမှာ သူရဲ့ ပြည်သူသို့ ပန်ကြားလွှာကို ဖတ်ကြားခဲ့ပါတယ်။

ဒီမိုကရေစီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံဟာ အခုလို တကိုယ်တော်ဆန္ဒပြသူကို တားမြစ်တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း နိုင်ငံရေးသမားတချို့က သုံးသပ်နေကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ရာထူးက နုတ်ထွက်ပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းကလည်း အောင်လံမြို့မှာ ထောင်ချီတဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့က သစ်ရာကောက် ကျေးရွာသားတွေနဲ့ တွေ့ဆုံစဉ်မှာ “ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျနော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ။ နိုင်ငံတကာမှာ ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲ သွားနေ၊ ငါတို့အစိုးရ ထွက်ရင် မင်းထွက် ဒါပဲ” လို့ ပြောကြားခဲ့တဲ့အတွက် ဦးအုန်းမြင့် နုတ်ထွက်ပေးရေး အခုလို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြည်သူလူထုတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး အရေးယူမှုတွေ လုပ်ဆောင်ဖို့ လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိုးက ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပါတယ်။

ဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို အရေးယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ လေ့လာ သုံးသပ်နိုင်ရေးအတွက် လုံလောက်တဲ့ အချိန်ပေးဖို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013